Running Man ရဲ့ အရေးပါဆုံးသူတစ်ယောက် ထပ်မံထွက်ခွာတော့မည်ဖြစ်

“Running Man” အဖွဲ့ရဲ့ အလွန် ထိတ်လန့်စရာကောင်းတဲ့ သတင်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပါတယ်။

အဆိုပါသတင်းကတော့ Running Man ရဲ့ PD (ထုတ်လုပ်သူ) Lim Hyung Taek က SBS မှ နုတ်ထွက်လိုကြောင်း မကြာသေးမီက ကြေငြာခဲ့တယ်ဆိုတဲ့ သတင်းဖြစ်ပြီး SPOTV သတင်းဌာနက စက်တင်ဘာ ၂၉ ရက်မှာ ဖော်ပြသွားခဲ့ပါတယ်။

အစီရင်ခံစာအရ PD Lim ဟာ SBS မှ နုတ်ထွက်လိုကြောင်း မကြာသေးမီက ကြေညာခဲ့ပြီး SBS နဲ့ အကြာကြီး နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ အပြီးမှာတော့ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

PD Lim ဟာ လက်ရှိမှာတော့ သူ့ရဲ့အနာဂတ် အစီအစဉ်တွေကို စီစဉ်နေကြောင်း သိရှိရပြီး သူ့လို Running Man ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ကို ဆုံးရှုံးလိုက်ရခြင်းဟာ Running Man အသင်းအတွက်တော့ ကြီးမားတဲ့ ဆုံးရှုံးမှုတစ်ခုပါပဲ။

ထုတ်လုပ်သူ Lim Hyung Taek ဟာ ကိုရီးယားဗားရှင်း “Running Man”, တရုတ်ဗားရှင်း “Running Brothers 4”, “Master Key” နဲ့ “Running Man” ရဲ့ ပထမဆုံး တရားဝင်ထွက်ရှိထားတဲ့ “Outrun by Running Man” တို့ရဲ့ ဒါရိုက်တာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x