ဆေးလောကနောက်ခံ နာမည်ကျော် Webtoon ကို ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသားနေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထားရတဲ့ Joo Ji Hoon

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကထွက်ရှိလာခဲ့တဲ့သတင်းတွေအရ ပရိသတ်တွေနဲ့ရင်းနှီးပြီးသား မင်းသားတစ်လက်ဖြစ်တဲ့ Joo Ji Hoon ဟာဆိုရင် ဆေးလောကနောက်ခံ နာမည်ကျော်အင်တာနက်ကာတွန်းတစ်ခုဖြစ်တဲ့ ‘Trauma Center’ ကို ပြန်လည်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲအသစ်မှာ ခေါင်းဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။

‘Trauma Center’ အင်တာနက်ကာတွန်းရဲ့ မူရင်း၀တ္ထုကိုတော့ လက်ရှိမှာ ဆရာဝန်အဖြစ်နဲ့ရော YouTuber အဖြစ်နဲ့ပါရပ်တည်နေလျက်ရှိတဲ့ Han San Iga က ကိုယ်တိုင်ရေးသားထားတာဖြစ်ပြီး ဇာတ်လမ်းပုံစံဟာဆိုရင် တက္ကသိုလ်ဆေးရုံတစ်ခုမှာ ပထမဆုံးအကြိမ်ပရော်ဖက်ဆာအဖြစ် တာဝန်ထမ်းဆောင်ရတဲ့ ဆရာဝန် Baek Kang Hyuk နဲ့ သူ့ရဲ့လက်အောက်ငယ်သားအဖွဲ့ဝင်တွေအကြောင်းကို အဓိကသရုပ်ဖော်ထားတာ ဖြစ်ပါတယ်။

ဒီ၀တ္ထုဇာတ်လမ်းကို ရေးသားဖန်တီးသူက တကယ့်ဆရာဝန်အစစ်ဖြစ်တာကြောင့် ဇာတ်လမ်းထဲမှာပါဝင်တဲ့ ဇာတ်ကောင်၊ ဇာတ်ကွက်တွေ အကုန်လုံးဟာလည်း လက်တွေ့ဘ၀နဲ့တူညီလွန်းတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ဒီဇာတ်လမ်းဟာဆိုရင် အင်တာနက်အသုံးပြုသူတွေ လူတွေအကြားထဲမှာ နာမည်ကြီးလူကြိုက်များခဲ့ပြီး အင်တာနက်ကာတွန်းအဖြစ်ကို ပြောင်းလဲဖန်တီးခဲ့ကာ လက်ရှိမှာတော့ Season 2 အဖြစ် ဆက်လက်ထွက်ရှိနေတယ်လို့ သိရပါတယ်။

Joo Ji Hoon ကိုတော့ အဓိကဇာတ်ကောင်ဖြစ်သူ ပရော်ဖက်ဆာ Baek Kang Hyuk နေရာမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် ကမ်းလှမ်းထားတာဖြစ်ပြီး တကယ်လို့များ Joo Ji Hoon အနေနဲ့ အဆိုပါကမ်းလှမ်းမှုကို လက်သင့်ခံရိုက်ကူးဖြစ်မယ်ဆိုရင်တော့ ဒါဟာ သူ့အတွက် ဒုတိယအကြိမ်မြောက်ဆေးလောကနောက်ခံဇာတ်လမ်းတွဲတစ်ခုဖြစ်လာမှာ ဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x