Sunny နဲ့ Chompoo တို့ရဲ့ အတွဲအဖက်ကို မြင်တွေ့သွားရတော့မယ့် ရုပ်ရှင်သစ်

ထိုင်းဖျော်ဖြေရေးလောကရဲ့ ထိပ်တန်း သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသား Sunny Suwanmethanont နဲ့ မင်းသမီး Chompoo Araya တို့ကတော့ ရုပ်ရှင်သစ်မှာ တွဲဖက် သရုပ်ဆောင်သွားကြရတော့မှာပါ။
ဒီရုပ်ရှင်သစ်လေးရဲ့ နာမည်ကတော့ “Long Live Love” လို့ အမည်ရပြီး M Pictures က ရိုက်ကူးထာတာ ဖြစ်ပါတယ်။ ဒီရုပ်ရှင်သစ်ဟာ လအလယ်ပိုင်းမှာပဲ ကန်တော့ပွဲကို ကျင်းပပြီးခဲ့ပြီဖြစ်ပြီး မကြာမီမှာပဲ ရိုက်ကူးရေး စတင်သွားတော့မယ်လို့ သိရပါတယ်။
၂၀၂၃ မှာ ရုံတင်ပြသသွားတော့မယ့် ဒီရုပ်ရှင်မှာ Sunny နဲ့ Chompoo တို့ကို ဇာတ်ဆောင်နေရာမှာ တွေ့ရမယ့်အပြင် Nont Sadanont, Peter Nopachai နဲ့ Becky Armstrong တို့ကလည်း ဇာတ်ပို့နေရာကနေ ပါဝင်အားဖြည့်ထားကြပါတယ်။
ဒါရိုက်တာ Mook Piyakarn ကတော့ ဒီဇာတ်ကားနဲ့ ပတ်သက်တဲ့ အသေးစိတ်ကို ပြောကြားထားခြင်းမရှိပေမဲ့ အကြိုရိုက်ကူးမှုတွေမှာ Sunny နဲ့ Chompoo ကို ကလေးလေးတစ်ယောက်နဲ့ တွေ့ခဲ့ရတာကြောင့် လင်မယားတွေအဖြစ် မြင်တွေ့သွားရမယ်လို့ ခန့်မှန်းမှုတွေ ရှိနေခဲ့ပါတယ်။
တစ်ခါမှ မတွဲဖက်ဖူးသေးတဲ့ ထိပ်တန်း မင်းသားနဲ့ မင်းသမီးနှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်တွေကို မြင်တွေ့သွားရမှာဖြစ်တာကြောင့် ပရိသတ်တွေအနေနဲ့ Sunny နဲ့ Chompoo တို့ရဲ့ “Long Live Love” ကို စောင့်မျှော်နေကြမယ်လို့ ယုံကြည်မိပါတယ်။