APAN Star Awards ရဲ့ Daesang ဆုရှင် Song Joong Ki

APAN Star Awards ရဲ့ Daesang ဆုရှင် Song Joong Ki

ထိပ်တန်း မင်းသား Song Joong Ki ဟာ 2022 APAN Star Awards ရဲ့ Daesang (Grand Prize) ဆုကြီးကို ရရှိခဲ့ပါတယ်။

Song Joong Ki ဟာ စက်တင်ဘာလ ၂၉ ရက်နေ့မှာ Gyeonggi Do ရှိ Ilsan ရှိ KINTEX မှာ ကျင်းပခဲ့တဲ့ 2022 APAN STAR AWARDS သို့တက်ရောက်ခဲ့ပြီး “Vincenzo” နဲ့အတူ Daesang ဆုကြီးကို အနိုင်ရရှိခဲ့ပါတယ်။

ဆုလက်ခံဖို့ စင်ပေါ်တက်ရင်း Song Joong Ki က “ကျွန်တော့်ကို ဒီဆုပေးပွဲကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရမ်း ဂုဏ်ယူမိပါတယ်။ Daesang ကို မရလောက်ဘူး ထင်ထားခဲ့တာ။ ခဏလောက် တုန်လှုပ်သွားပါတယ်။”

သူက ဆက်ပြီး “ကျွန်တော့်ကို အရမ်းပျော်စေတာက ဟိုးအရင်ကတည်းက ကျွန်တော်နဲ့အတူ အတက်အကျရှိခဲ့တဲ့ ကျွန်တော့်ရဲ့ ချစ်ညီလေး Lee Jun Ho နဲ့ အတူ ဒီနေ့ ဒီလိုကြီးမားတဲ့ ဆုကြီးကို လက်ခံရယူရခြင်းပါပဲ။ အဲဒါက ကျွန်တော့်အတွက် အရမ်းကောင်းတယ်လို့ ခံစားရတယ်။”

မင်းသား Lee Jun Ho ကတော့ “The Red Sleeve” နဲ့အတူ Miniseries များရဲ့ အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။ Song Joong Ki က သူ့နာမည်ကို ရွတ်ဆိုရင်း ပရိသတ်ထိုင်ခုံမှာ ထိုင်နေတဲ့ Lee Jun Ho ကို ချီးကျူးပြီး ချစ်စရာကောင်းစွာ ပြုံးပြခဲ့ပါတယ်။

အဆိုပါ မြင်ကွင်းကို ကင်မရာတွေမှာ ဖမ်းမိခဲ့ပြီး ဆုပေးပွဲ အခမ်းအနားကို ကြည့်ရှုအားပေးခဲ့ကြတဲ့ ပရိသတ်တွေက သူတို့နှစ်ဦးရဲ့ နွေးထွေးတဲ့ ညီအစ်ကို သံယောစဥ်အတွက် အားတက်သရော အားပေးခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x