ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ Jennie ရဲ့ ဝတ်လစ်စလစ်ပုံတွေ ပေါက်ကြားလာမှာကို စိုးရိမ်နေရ

ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ Jennie ရဲ့ ဝတ်လစ်စလစ်ပုံတွေ ပေါက်ကြားလာမှာကို စိုးရိမ်နေရ

မကြာသေးမီက ပေါက်ကြားလာတဲ့ Jennie ရဲ့ ဓာတ်ပုံများကြောင့် Jennie ရဲ့ privacy ကို ပြင်းထန်စွာ ကျူးကျော်ခံနေရပြီလို့ သုံးသပ်နိုင်ပါတယ်။

“Gurumi Haribo” ဆိုတဲ့ အမည်နဲ့ အကောင့်ဟာ Jennie ရဲ့ ပရိသတ်များစွာနဲ့ BLINKs တို့အတွက် ထိတ်လန့်စရာဖြစ်လာပြီး ဒီအကောင့်ဟာ ဆိုရှယ်မီဒီယာပေါ်မှာ idols တွေရဲ့ privacy ကို ချိုးဖော်ပြီး ဓာတ်ပုံများကို အမြဲတင်ထားခဲ့ကြောင့် ETtoday မှ ဖော်ပြခဲ့ပါတယ်။

မကြာသေးမီက ဒီ hacker ဟာ Jennie ရဲ့ gallery မှ screenshot တစ်ခုကို ဖော်ထုတ်ခဲ့ပါတယ်။ အဲဒီမှာတော့ ဓာတ်ပုံ folder တစ်ခုကို “18+” လို့ နာမည်ပေးထားခဲ့တာကြောင့် ပရိသတ်တွေကို များစွာထိတ်လန့်စေခဲ့ပါတယ်။

“Gurumi Haribo” ဟာ Jennie ရဲ့ဖုန်းမှာ အတွင်းခံဘောင်းဘီ သေးသေးလေးကို ဝတ်ဆင်ထားတဲ့ အမျိုးသားတစ်ဦးရဲ့ ၀တ်လစ်စလစ် ဓာတ်ပုံပါရှိတယ်လို့ လှောင်ပြောင်ခဲ့ပါသေးတယ်။

YG Entertainment ကတော့ ဒီအချက်အလက်တွေကို အတည်မပြုရသေးတာကြောင့် ပရိသတ်တွေရဲ့ ထိတ်လန့်မှုကို ပိုဖြစ်စေခဲ့ပါတယ်။BLINK တို့ကလည်း Jennie ရဲ့ privacy ကို ပြင်းပြင်းထန်ထန် ချိုးဖျက်နေတဲ့ လုပ်ရပ်ကြောင့် ဒေါသထွက်နေကြပါတယ်။

အခုလို privacy ချိုးဖောက်နေတာကို ရပ်တန့်ဖို့နဲ့ YG ကိုလည်း Jennie ကို အကာအကွယ်ပေးပြီး တရားဥပဒေအရ အရေးယူပေးဖို့ အလိုရှိနေကြတာပါ။

ယခင်က Jennie နဲ့ BTS V တို့.m လအတော်ကြာ ချိန်းတွေ့ခဲ့ကြပြီး Jeju ကျွန်းသို့ အတူတူ ခရီးထွက်ခဲ့ကြကြောင်း အဆိုပါ hacker က အတည်ပြုခဲ့သလို Jennie ရဲ့ ကိုယ်ရေးကိုယ်တာ ဓာတ်ပုံများကိုလည်း ပေါက်ကြားစေခဲ့ပါတယ်။

20 ရက်ညမှာလည်း SNS အကောင့်တစ်ခုက Jennie ရဲ့ ရေချိုးကန်ထဲပ ဓာတ်ပုံတစ်ပုံကို တင်ခဲ့ပါတယ်။စာတန်းမှာ “Jennie က လူတိုင်းကို unfollow လုပ်ထားပေမယ့် V နဲ့ ဓာတ်ပုံတွေကိုတော့ ထုတ်ဖော်ထားပြီးသားပါ။ အခုက အရမ်းနောက်ကျနေပြီ။ ဒါကတော့ Jennie က ရေချိုးကန်ထဲမှာ ရေချိုးနေတဲ့ပုံဖြစ်တယ်” လို့ ဖော်ပြထားခဲ့တာပါ။

ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဟာ ပရိသတ်တွေကို ဒေါသထွက်စေခဲ့ပြီး “18+” ဆိုတဲ့ folder ကလည်း Jennie ရဲ့ ဝတ်လစ်စလစ် ဓာတ်ပုံတွေဖြစ်နေမှာကို စိုးရိမ်နေခဲ့ကြပါတယ်။

ဒါပေမဲ့လည်း BLINK တွေနဲ့ အင်တာနက်သုံးစွဲသူများကတော့ YG ဟာ ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး နှေးကွေးတဲ့ တုန့်ပြန်မှုနဲ့ အစီအမံတွေကိုသာ လုပ်ဆောင်နေခဲ့ကြတာကြောင့် အပြစ်တင်နေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x