Manga တစ်ခုရဲ့ Teaser မှာ ရင်သပ်ရှုမောဖွယ် တွေ့မြင်ခဲ့ရတဲ့ Cha Eun Woo, Han So Hee နဲ့ Lee Soo Hyuk
Manga တစ်ခုရဲ့ Teaser မှာ ရင်သပ်ရှုမောဖွယ် တွေ့မြင်ခဲ့ရတဲ့ Cha Eun Woo, Han So Hee နဲ့ Lee Soo Hyuk
Han So Hee, ASTRO အဖွဲ့ဝင် Cha Eun Woo နဲ့ Lee Soo Hyuk တို့ကိုတော့ “The Villainess Is A Marionette” လို့ခေါ်တဲ့ webtoon ရဲ့ ဇာတ်ကောင်များအဖြစ်နဲ့ မြင်တွေ့ခဲ့ရပါတယ်။
Teaser concept ဓာတ်ပုံတွေမှာတော့ သုံးယောက်စလုံးဟာ ရိုမန်တစ်ဆန်သော စိတ်ကူးယဉ်ဇာတ်ကောင်များအဖြစ် ပြီးပြည့်စုံတဲ့ အသွင်ပြောင်းမှုတွေကို ပြုလုပ်ခဲ့ကြရမှာတော့ ပရိသတ်တွေကို ရူးခါစေခဲ့ပါတော့တယ်။
ဒီပရောဂျက်ဟာ အများစုတွေ မျှော်လင့်ထားတဲ့ အရာတော့ မဟုတ်ပါဘူး။ ပထမဆုံးအနေနဲ့ Kakaopage အတွက် dramatic trailers တွေကို ဖန်တီးဖို့အတွက် သူတို့သုံးယောက်က ကူညီပေးခြင်းသာ ဖြစ်ပါတယ်။
ဒါကြောင့် ဒီပုံရိပ်တွေနဲ့ teaser video တို့ဟာ ဒရာမာ သို့မဟုတ် webtoon အတွက် အပြည့်အစုံ မဟုတ်ပါဘူး။ Cha Eun Woo, Han So Hee နဲ့ Lee Soo Hyuk တို့ဟာ မူရင်း webtoon ရဲ့ လူကြိုက်များမှုကို မြှင့်တင်ပေးရန်အတွက် ကူညီပေးခဲ့တဲ့ teaser video တိုလေးတွေသာ ဖြစ်ပါတယ်။
အသစ်ထွက်ရှိထားတဲ့ Teaser video ကို ကြည့်မယ်ဆိုရင်လည်း သုံးယောက်စလုံးရဲ့ visual နဲ့ အသွင်အပြင်တို့ဟာ အပြစ်ကင်းစင်လွန်းလို့ နှိုင်းရက်စရာ စကားလုံးတောင် ရှာမရခဲ့ပါဘူး။
ဒါကြောင့်လည်း “The Villainess Is A Marionette” ကိုတော့ ပရိသတ်တွေက တကယ့် K-Drama တွေအဖြစ် ဒီသုံးယောက်နဲ့ပဲ ပြန်လည်ရိုက်ကူးပေးကြဖို့ ပရိသတ်တွေက ဆန္ဒပြုနေကြတာဖြစ်ပါတယ်။