သင် ထင်ထားတာထက်ပိုမိုများပြားလွန်းတဲ့ စည်းစိမ်ဥစ္စာတွေကိုပိုင်ဆိုင်ထားတဲ့ IU

သင် ထင်ထားတာထက်ပိုမိုများပြားလွန်းတဲ့ စည်းစိမ်ဥစ္စာတွေကိုပိုင်ဆိုင်ထားတဲ့ IU

အဆိုတော်တစ်ယောက်အဖြစ်နဲ့သာမက ထိပ်တန်းသရုပ်ဆောင်မင်းသမီးတစ်လက်အနေနဲ့ပါ အောင်မြင်မှုတွေသိမ်းပိုက်ထားနိုင်တဲ့ IU ဟာဆိုရင် နာမည်ကြီးအနုပညာရှင်တစ်ယောက်ဖြစ်တာနဲ့အညီ ဇိမ်ခံအိမ်ခန်းတွေ၊ တိုက်တာအဆောက်အအုံတွေ၊ မြေကွက်တွေနဲ့ များပြားလွန်းလှတဲ့စည်းစိမ်ဥစ္စာတွေကိုပါ ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကထုတ်လွှင့်သွားခဲ့တဲ့ TMI News အစီအစဉ်ရဲ့တင်ဆက်မှုမှာဆိုရင် IU ဟာ တန်ဖိုးကြီးအိမ်တွေကိုပိုင်ဆိုင်ထားတဲ့ ကိုရီးယားအနုပညာရှင်စာရင်းမှာ ဒုတိယနေရာချိတ်နေတာကိုတွေ့ရပြီး လေ့လာသူတွေကတော့ အသက်အရွယ်အားဖြင့် ငယ်ရွယ်သူတစ်ယောက်ဖြစ်တဲ့ သူမရဲ့ စည်းစိမ်ဥစ္စာပိုင်ဆိုင်မှုတွေက ပရိသတ်တွေမျှော်လင့်ခန့်မှန်းထားတာထက် ပိုမိုများပြားတယ်လို့ ဆိုထားကြပါတယ်။

အဆိုပါ TMI News အစီအစဉ်ရဲ့စစ်တမ်းကောက်ယူဖော်ပြချက်အရဆိုရင် IU အနေနဲ့ သူမရဲ့ မွေးရပ်မြေဖြစ်တဲ့ Cheongdam မှာ ဝယ်ယူထားတဲ့ အိမ်ရဲ့တန်ဖိုးက ကိုရီးယားဝမ် ၁၃ ဘီလီယံတန်ဖိုးရှိပြီး ယင်းအိမ်ကို သူမက ငွေသားအပြည့်ပေးချေကာ ဝယ်ယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် သူမမှာ စတူဒီယိုအဖြစ်အသုံးပြုတဲ့ ဝမ် ၄.၆ ဘီလီယံတန် အဆောက်အဦးတစ်လုံးလည်းရှိသေးပြီး ဒီအဆောက်အဦးကို ဝယ်ယူချိန်တုန်းကတော့ သူမဟာ စျေးနှုန်းမြင့်တက်လာမှာကို ကြိုတင်ခန့်မှန်းမိတာကြောင့် ဝယ်ယူခဲ့တာဖြစ်တယ်လို့ဆိုကာ အွန်လိုင်းအသုံးပြုသူတွေရဲ့ ဝေဖန်မှုတွေကိုရရှိခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း နောက်ပိုင်းမှာတော့ အဆိုပါအဆောက်အဦးကို သူမအပါအဝင် တခြားအနုပညာရှင်အဆိုတော်တွေ အသံသွင်းရအဆင်ပြေစေဖို့အတွက် ရည်ရွယ်ပြီး စတူဒီယိုအဖြစ်ပြောင်းလဲခဲ့တာကြောင့် ဝေဖန်မှုတွေကနေ ချီးကျူးမှုတွေအဖြစ် ပြောင်းလဲရရှိခဲ့တာကိုတွေ့ရပါတယ်။

ဒီအဆောက်အဦးပိုင်ဆိုင်မှုတွေအပြင် သူမဟာ ဂုံဂျီဒိုပြည်နယ်ထဲမှာလည်း ဝမ် ၂.၂ ဘီလီယံတန် အပန်းဖြေအိမ်တစ်လုံးကို မိသားစုဝင်တွေအတွက် ဝယ်ယူပေးထားပြီး ဘေးပတ်ဝန်းကျင်က မြေကွက်တွေဝယ်ယူဖို့အတွက်ကိုလည်း ဝမ် ၈၀၀ မီလီယံကျော် အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

IU ဟာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို သူမရဲ့ အလှအပ၊ အောင်မြင်ကြွယ်၀မှုနဲ့ အနုပညာအရည်အသွေးတွေကြောင့်နဲ့တင်မဟုတ်ဘဲ သဒ္ဒါတရားထက်သန်ပြီး အလှူအတန်းရက်ရောလွန်းတဲ့အတွက်ကြောင့်ပါ ရရှိထားတာဖြစ်ပြီး အနုပညာသက်တမ်းတစ်လျှောက်အတွင်း သူမ လှူဒါန်းလာတဲ့ပမာဏဟာဆိုရင်တော့ ဝမ် ၅.၅ ဘီလီယံခန့်ရှိနေပြီဖြစ်ပါတယ်။

Ref : Koreaboo
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x