Kim Soo Hyun နဲ့တွေ့ခွင့်ရဖို့အတွက် ဘတ်သန်းချီပြီးသုံးစွဲခဲ့ကြတဲ့ ထိုင်းလူမျိုးပရိသတ်များ

“The Moon Embracing The Sun”, “My Love From The Star” တို့လိုမျိုး နာမည်ကြီးဒရမ်မာဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှုအထွတ်အထိပ်ကိုရောက်ရှိခဲ့တဲ့ မင်းသား Kim Soo Hyun ဟာဆိုရင် အောက်တိုဘာလ ၂ ရက်နေ့ မနက်ဖြန်မှာညထိုင်းနိုင်ငံအခြေစိုက် Lotus ကုမ္ပဏီရဲ့ စီစဉ်ဆောင်ရွက်မှုနဲ့ Fan Meeting ကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ Muang Thong Thani Dome မှာ ပြုလုပ်ကျင်းပသွားမှာဖြစ်ပါတယ်။

ယင်း Fan Meeting သာဆိုရင် ပုံမှန်ပြုလုပ်လေ့ရှိတဲ့ Fan Meeting ပွဲတွေလိုမျိုးမဟုတ်ဘဲ Lotus ကုမ္ပဏီမှ ဖွင့်လှစ်ထားတဲ့ ဆိုင်တွေမှာ အနည်းဆုံးဘတ် ၅၀၀၀ နဲ့အထက် ဝယ်ယူသူတွေသာတက်ရောက်ခွင့်ရတဲ့ အထူးပွဲမျိုးဖြစ်ပြီး ဒီပွဲကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခံထားရသူဦးရေကတော့ ၃၈၀၀ ရှိတယ်လို့ သိရပါတယ်။

အဲဒီလူအယောက် ၃၈၀၀ ထဲမှာ ငွေပမာဏအများဆုံးဝယ်ယူထားတဲ့ အယောက် ၁၀၀ ကတော့ ပွဲရဲ့ အရှေ့ဆုံးခုံတန်းတွေမှာ ထိုင်ခွင့်ရမယ့်အပြင် Kim Soo Hyun ကို အနီးကပ်တွေ့မြင်ခွင့်ရပြီး လက်ဆောင်ပစ္စည်းတွေ ကိုယ်တိုင်ကိုယ်ကျပေးကာ အတူဓာတ်ပုံရိုက်ကူးခွင့်ရမှာလည်း ဖြစ်ပါတယ်။

Lotus ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရဆိုရင် Kim Soo Hyun ကို အခုလိုမျိုးတွေ့ခွင့်ရဖို့အတွက် အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြတဲ့ ပရိသတ်တွေကများစွာရှိပြီး နောက်ဆုံးရရှိထားတဲ့ရလဒ်တွေအရ အယောက် ၁၀၀ ထဲမှ နံပါတ် ၁ နေရာကိုရရှိခဲ့တဲ့သူရဲ့ ဝယ်ယူမှုပမာဏကတော့ ဘတ် ၄.၇ သန်း (ဝမ် ၁၇၇ သန်း သို့မဟုတ် ကန်ဒေါ်လာ ၁၂၃၀၀၀) ရှိတယ်လို့ သိရပါတယ်။

နံပါတ် ၂ နေရာကိုရရှိသွားတဲ့သူကတော့ ဘတ် ၄ သန်းဖိုးဝယ်ယူထားခဲ့တာဖြစ်ပြီး နံပါတ် ၁၀ နေရာရဲ့ပိုင်ရှင်ဆိုရင် ဘတ် ၁ သန်းမျှ အကုန်အကျခံသုံးစွဲထားတာဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x