ကိုယ်အလေးချိန် လျှော့ချသွားပါ့မယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်တဲ့ Goo Hye Sun

ကိုယ်အလေးချိန် လျှော့ချသွားပါ့မယ်လို့ ပရိသတ်တွေကို ကတိပေးလိုက်တဲ့ Goo Hye Sun

မင်းသမီး Goo Hye Sun ကတော့ ၂၀၀၉ ခုနှစ်က ကိုရီးယားဒရာမာ “Boys Over Flowers” F4 ရဲ့ အမျိုးသမီး ဇာတ်ဆောင်အဖြစ် လူသိများကျော်ကြားသူပါ။

မင်းသမီးဟာ မကြာသေးမီက ကျင်းပခဲ့တဲ့ Chunsa International Film Festival မှာ အမှတ်ပေး အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ပြီး ဒီပွဲက သူ့အသွင်အပြင်ကိုတော့ ပရိသတ်တွေက အရမ်းစိတ်ဝင်စားခဲ့ကြပါတယ်။

My Daily ရဲ့ အဆိုအရ မင်းသမီးဟာ သူမရဲ့ လက်ရှိပုံစံအရ အရင်ကထက် ပိုပြီး ကိုယ်အလေးချိန် ပိုများလာခဲ့ပါတယ်။ Goo Hye Sun ဟာ သူမရဲ့ ကိုယ်အလေးချိန်ကို မဖုံးကွယ်ထားခဲ့ဘဲ ပေါ့ပေါ့ပါးပါးပဲ ၀တ်စားလို့လာခဲ့တာပါ။

ပရိတ်သတ်တွေကလည်း အရင်ကထက် သိသိသာသာ ပိုလာခဲ့တဲ့ ကိုယ်အလေးချိန်ကြောင့် အံ့အားသင့်ခဲ့ကြရသလို Goo Hye Sun ကလည်း သူမရဲ့ ကိုယ်အလေးချိန်ကို မထိန်းနိုင်ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

မင်းသမီးက “စိတ်ဖိစီးမှုတွေ အရမ်းများနေခဲ့လို့ ကိုယ်အလေးချိန် အများကြီးတက်လာပြီး ချက်ချင်းဝိတ်မချနိုင်ပါဘူး” လို့ ဆိုပါတယ်။ ဒါပေမယ့် အောက်တိုဘာလ ၆ ရက်နေ့ Busan International Film Festival ပွဲမတိုင်မီမှာတော့ ကိုယ်အလေးချိန်ကျသွားဖို့ ကြိုးစားသွားမှာပါလို့လည်း ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

Goo Hye Sun ဟာ အရင်က ကိုယ်အလေးချိန်ကို အကြိမ်ကြိမ် ထိန်းထားခဲ့ပေမဲ့ ၂၀၁၈ ခုနှစ်ကစပြီး ကစီဓာတ် အလွန်အကျွံစားခြင်းကြောင့် ၁၀ ကီလိုဂရမ်အထိ တက်လာကြောင်း ကြေညာပြီးနောက် ပရိသတ်တွေကို အံ့အားသင့်စေခဲ့သူလည်း ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x