လတ်တလောမှာ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Nam Goong Min ရဲ့ “One Dollar Lawyer”

လတ်တလောမှာ ပရိသတ်တွေအကြိုက်တွေ့နေတဲ့ Nam Goong Min ရဲ့ “One Dollar Lawyer”

မကြာမီမှာ လက်ထပ်သွားတော့မယ့် မင်းသား Namg Goong Min ကတော့ သူရိုက်ကူးသမျှ ဇာတ်လမ်းတွဲတိုင်းနဲ့ ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။

Nielsen Korea ရဲ့ အောက်တိုဘာ ၁ ရက်နေ့က ဖော်ပြချက်အရ SBS ရဲ့ ‘One Dollar Lawyer’ တတိယအပိုင်းဟာ စက်တင်ဘာ ၃၀ ရက်နေ့မှာ ထုတ်လွှင့်ခဲ့အပြီး တစ်နိုင်ငံလုံး အတိုင်းအတာ ပျမ်းမျှကြည့်ရှုမှုအဆင့် 12.9% ဖြင့် မှတ်တမ်းတင်ခဲ့ပါတယ်။

ဒီဇာတ်လမ်းတွဲဟာ မြို့နယ်အနှံ့ အဆင့်သတ်မှတ်ချက် 13.5% ကိုလည်း မှတ်တမ်းတင်ထားပြီး သူ့ရဲ့ အမြင့်ဆုံးအဆင့်သတ်မှတ်ချက်ဟာ 15.9% ဖြင့် စီးရီးရဲ့ ပထမအပိုင်းမှာကတဘ်းက ပရိသတ်ကို ဆွဲဆောင်နိုင်ခဲ့ကြောင်း ပြသနိုင်ခဲ့တာပါ။

ဒါ့အပြင် “One Dollar Lawyer” ဒုတိယပတ် ထုတ်လွှင့်မှုအပြီး ကြည့်ရှုသူ အဆင့်သတ်မှတ်ချက်ဟာ ဂဏန်းနှစ်လုံးကို ကျော်လွန်ရုံသာမက အချိန်တိုင်းအတွက် အဆင့်သတ်မှတ်ချက် အမြင့်ဆုံး တီဗီအစီအစဉ်လည်း လျင်မြန်စွာ ဖြစ်လာခဲ့ပါတယ်။

Nam Goong Min, Kim Ji Eun, Lee Chung Ha တို့ ပါဝင်ထားတဲ့ ‘One Dollar Lawyer’ ကတော့ မည်သည့်တရားဝင်အမှုကိုမဆို ဝမ် ၁၀၀၀, ၁ ဒေါ်လာသာ အခကြေးငွေယူမယ့် အလွန်ထူးဆန်းတဲ့ ရှေ့နေတစ်ဦး Nam Goong Min ရဲ့ ဇာတ်လမ်းကို ဖော်ကျူးထားပါတယ်။

Nam Goong Min ကိုတော့ လူ့အဖွဲ့အစည်းရဲ့ အခြေခံလူတန်းစားနဲ့ ငွေကြေးဥစ္စာ အားနည်းသူများကို ကူညီပေးလိုတဲ့ မွန်မြတ်တဲ့ ရှေ့နေကောင်းတစ်ယောက်ဖြစ်ပြီး ငွေများတရားနိုင်ဆိုတဲ့ ဆောင်ပုဒ်ဆိုးကို ချေမှုန်းချင်သူအဖြစ် မြင်တွေ့သွားရမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x