ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ Law Cafe က Lee Seung Gi နဲ့ Lee Se Young တို့ရဲ့ အနမ်းခြွေခန်း

ပရိသတ်တွေကို ဖမ်းစားခဲ့တဲ့ Law Cafe က Lee Seung Gi နဲ့ Lee Se Young တို့ရဲ့ အနမ်းခြွေခန်း

Lee Se Young နဲ့ Lee Seung Gi တို့ဟာ The Law Cafe မှာတော့ သူတို့ရဲ့ ပထမဆုံး အနမ်းဇာတ်ဝင်ခန်းကို ပြီးပြည့်စုံစွာ ပုံဖော်ခဲ့ကြပါတယ်။

နာမည်တူ web ဝတ္ထုကို အခြေခံထားတဲ့ KBS 2TV ရဲ့ “The Law Cafe” ကတော့ ဥာဏ်ကြီးရှင် အစိုးရရှေ့နေဟောင်းအဖြစ် Lee Seung Gi နဲ့ သူ့ရဲ့ အဆောက်အဦးမှာ “ဥပဒေကဖေး” လာဖွင့်ရင်း အိမ်ငှားအသစ်ဖြစ်လာတဲ့ ထူးဆန်းတဲ့ ရှေ့နေ Lee Se Young တို့ရဲ့ အချစ်ဟာသ ဇာတ်လမ်းတွဲဖြစ်ပါတယ်။

အနမ်းဇာတ်ဝင်ခန်းလေး စတင်ခဲ့ပုံကတော့ Kim Yu Ri က Kim Jung Ho ကို စိုးရိမ်လွန်းနေခဲ့လို့ သူမရဲ့ကားကို ကားဂိုဒေါင်သို့ မောင်းသွားခဲ့ရင်း နောက်ဆုံးမှာတော့ Kim Jung Ho ရှိရာကို ရှာတွေ့ခဲ့ပါတယ်။

Kim Jung Ho က Kim Yu Ri မှာ မြင်ရတဲ့ သွေးအတွက် ပိုစိုးရိမ်နေပေမယ့် Kim Yu Ri က Kim Jung-ho ကိုတွေ့တော့ “သေလောက်အောင် စိတ်ပူခဲ့ရတယ်” လို့ ပြောရင်း မျက်ရည်တွေဝဲပြီး “နင့်ကြောင့် ငါ့နှလုံးသား ပေါက်ကွဲလိမ့်မယ်။” လို့ဆိုကာ ငိုကြွေးနေခဲ့ပါတော့တယ်။

အဲဒီအချိန်မှာပဲ Jung Ho ကတော့ Yu Ri ရဲ့ လက်ကို ဆုပ်ကိုင်ထားပြီး ပရိသတ်တွေကို စိတ်လှုပ်ရှားစေခဲ့တဲ့ ဆန္ဒပြင်းပြတဲ့ အနမ်းတွေ ခြွေလိုက်ပါတော့တယ်။

“The Law Cafe” ရဲ့ နက်ရှိုင်းတဲ့ အနမ်းဇာတ်ဝင်ခန်းကို မြင်တွေ့ပြီးနောက် ကြည့်ရှုသူများကလည်း နောက်ထပ် အပိုင်းတွေကို မစောင့်နိုင်တော့တဲ့အကြောင်း တုံ့ပြန်မှုတွေ ပေးခဲ့ကြရင်း ကျေနပ်ပီတိ ဖြစ်ခဲ့ကြပါတော့တယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x