တတွဲတွဲ လုပ်ပြနေတဲ့ Nine Naphat နဲ့ Baifern တို့ကို ပရိသတ်တွေက မြန်မြန်နီးစပ်စေလို

ထိုင်းမင်းသား Nine Naphat နဲ့ မင်းသမီး Baifern တို့နှစ်ဦးဟာ အီတလီမှာ ကျင်းပပြုလုပ်တဲ့ Milan Fashion Week Spring / Summer 2023 ပွဲကို တက်ရောက်ခဲ့ကြပါတယ်။

မင်းသားမင်းသမီး အတူတူပွဲတက်တာက အဆန်းမဟုတ်ပေမဲ့ ပွဲပြီးချိန်မှာတော့ Nine နဲ့ Baifern တို့ လှပတဲ့ မီလန်မြို့ကြီးကို နှစ်ယောက်အတူတူ လည်ပတ်ခဲ့ကြပါတယ်။

နှစ်ယောက်စလုံးက အတူတူပျော်ရွှင်စွာ လည်ပတ်ခဲ့တဲ့ ပုံတွေကို သူတို့ရဲ့ အင်စတာဂရမ်အကောင့်မှာ အသီးသီး မျှဝေပေးခဲ့ကြပါတယ်။

သူတို့နဲ့အတူတူ လိုက်ပျော်နေတာကတော့ ပရိသတ်တွေပါပဲ။ သူငယ်ချင်းနှစ်ယောက် ပွဲပြီးအတူတူလည်တာ ဘာဖြစ်လဲပဲ ပြောပြော ဖန်သားပြင်ထက်က လိုက်ဖက်ညီတဲ့ သူတို့စုံတွဲကို အသည်းအသန် ship နေကြတဲ့ ပရိသတ်တွေကတော့ Nine နဲ့ Baifern ကို မြန်မြန် နီးစပ်စေချင်နေကြပါတယ်။

တချို့ပရိသတ်တွေကတော့ သူတို့နှစ်ယောက်က တကယ့်စုံတွဲတွေနဲ့တူတယ်လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။

ထိုင်းနိုင်ငံမှာ နာမည်ကြီးတဲ့ Up2Youha Page ကတော့ သူတို့နှစ်ဦးရဲ့ အင်စတာဂရမ်က ပုံတွေကို ပြန်တင်ပြီး တကယ့် relationship အစစ်အမှန်ကို ချပြဖို့ ပြောဆိုခဲ့ပါတယ်။

Nine Naphat ရဲ့ မိခင်ဖြစ်သူ Moo Pimpaka ကတောင် ပုံတွေအောက်မှာ သူတို့နှစ်ယောက်က တကယ် သူငယ်ချင်းတွေသာဖြစ်ပြီး Friend Zone ထဲ ရောက်သွားရင် ပြန်ထွက်ဖို့ ခက်တယ်လို့တောင် မှတ်ချက်ပြုထားခဲ့ပါတယ်။

မြန်မြန်ထွက်ခဲ့ကြပါတော့ Friend Zone ထဲကနေ …

Soya

Leave a Reply

Your email address will not be published. Required fields are marked *

x