James Jirayu နဲ့ Yaya Urassaya တို့ကို ဇာတ်လမ်းတွဲအသစ်မှာ တစ်ဖန်အတူပြန်လည်မြင်တွေ့ရဖို့အတွက် ပရိသတ်တွေမျှော်လင့်နေကြ

ထိုင်း‌နိုင်ငံရဲ့ ဖျော်‌ဖြေရေးနယ်ပယ်မှာဆိုရင် နာမည်ကြီး သရုပ်ဆောင်တွေအများစုဟာ ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုလက်အောက်ကနေ ရပ်တည်လှုပ်ရှားလျက်ရှိနေကြတာဖြစ်ပါတယ်။ ဒီအခါမှာတော့ ကုမ္ပဏီတစ်ခုတည်းရဲ့လက်အောက်ကနေ လှုပ်ရှားကြတဲ့ သရုပ်ဆောင်တွေဟာ အနည်းဆုံးနှစ်ကြိမ်နဲ့အထက် ဇာတ်ကားတွေမှာ အတူပါဝင်သရုပ်ဆောင်ရလေ့ရှိကြတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း ထိုင်းရဲ့ထိပ်တန်းသရုပ်ဆောင်တွေလည်းဖြစ်၊ Thai TV3 နဲ့ လက်တွဲထားတဲ့သူတွေလည်းဖြစ်တဲ့ မင်းသား James Jirayu နဲ့ မင်းသမီး Yaya Urassaya တို့နှစ်ဦးကတော့ တခြားသရုပ်ဆောင်တွေလိုမျိုးမဟုတ်ဘဲ ၂၀၁၅ ခုနှစ်တုန်းကပြသခဲ့တဲ့ ‘Neung Nai Suang’ ဇာတ်ကားတစ်ကားတည်းမှာသာ အတူပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် နှစ်ယောက်လုံးဟာ အသက်အရွယ်အားဖြင့် ၂၂ နှစ်မျှသာရှိသေးခဲ့တာဖြစ်ပြီး ဒီနေ့လိုမျိုးလည်း အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း နှစ်ဦးသားရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ သရုပ်ဆောင်မှုတွေက ပရိသတ်တွေရဲ့အမြင်မှာ မျက်စိပသာဒဖြစ်လောက်အောင် လိုက်ဖက်ညီခဲ့ကြတယ်လို့ ဆိုရမှာပါ

ဒါကြောင့် ထိုင်းဒရမ်မာဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေက သူတို့နှစ်ယောက်ကို ဒရမ်မာဇာတ်လမ်းတွဲအသစ်တစ်ခုမှာ ပြန်လည်မြင်တွေ့စေချင်နေကြပြီး ဒီလိုမြင်တွေ့ခွင့်ရဖို့အတွက်လည်း Thai TV3 ဆီကို ဆန္ဒပြုတောင်းဆိုထားကြတာကို တွေ့ရပါတယ်။

Ref : Thai Update
Nemo

James Jirayu နဲ့ Yaya Urassaya တို့ကို ဇာတ်လမ်းတွဲအသစ်မှာ တစ်ဖန်အတူပြန်လည်မြင်တွေ့ရဖို့အတွက် ပရိသတ်တွေမျှော်လင့်နေကြ

ထိုင်း‌နိုင်ငံရဲ့ ဖျော်‌ဖြေရေးနယ်ပယ်မှာဆိုရင် နာမည်ကြီး သရုပ်ဆောင်တွေအများစုဟာ ကုမ္ပဏီတွေရဲ့ စီမံခန့်ခွဲမှုလက်အောက်ကနေ ရပ်တည်လှုပ်ရှားလျက်ရှိနေကြတာဖြစ်ပါတယ်။ ဒီအခါမှာတော့ ကုမ္ပဏီတစ်ခုတည်းရဲ့လက်အောက်ကနေ လှုပ်ရှားကြတဲ့ သရုပ်ဆောင်တွေဟာ အနည်းဆုံးနှစ်ကြိမ်နဲ့အထက် ဇာတ်ကားတွေမှာ အတူပါဝင်သရုပ်ဆောင်ရလေ့ရှိကြတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း ထိုင်းရဲ့ထိပ်တန်းသရုပ်ဆောင်တွေလည်းဖြစ်၊ Thai TV3 နဲ့ လက်တွဲထားတဲ့သူတွေလည်းဖြစ်တဲ့ မင်းသား James Jirayu နဲ့ မင်းသမီး Yaya Urassaya တို့နှစ်ဦးကတော့ တခြားသရုပ်ဆောင်တွေလိုမျိုးမဟုတ်ဘဲ ၂၀၁၅ ခုနှစ်တုန်းကပြသခဲ့တဲ့ ‘Neung Nai Suang’ ဇာတ်ကားတစ်ကားတည်းမှာသာ အတူပါဝင်ခဲ့ကြသူတွေဖြစ်ပါတယ်။

အဲဒီအချိန်တုန်းကဆိုရင် နှစ်ယောက်လုံးဟာ အသက်အရွယ်အားဖြင့် ၂၂ နှစ်မျှသာရှိသေးခဲ့တာဖြစ်ပြီး ဒီနေ့လိုမျိုးလည်း အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း နှစ်ဦးသားရဲ့ ငယ်ရွယ်နုပျိုမှုနဲ့ သရုပ်ဆောင်မှုတွေက ပရိသတ်တွေရဲ့အမြင်မှာ မျက်စိပသာဒဖြစ်လောက်အောင် လိုက်ဖက်ညီခဲ့ကြတယ်လို့ ဆိုရမှာပါ။

ဒါကြောင့် ထိုင်းဒရမ်မာဇာတ်လမ်းတွဲကြိုက်ပရိသတ်တွေက သူတို့နှစ်ယောက်ကို ဒရမ်မာဇာတ်လမ်းတွဲအသစ်တစ်ခုမှာ ပြန်လည်မြင်တွေ့စေချင်နေကြပြီး ဒီလိုမြင်တွေ့ခွင့်ရဖို့အတွက်လည်း Thai TV3 ဆီကို ဆန္ဒပြုတောင်းဆိုထားကြတာကို တွေ့ရပါတယ်။

Ref : Thai Update
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x