ရုံတွင်းကြည့်ရှုမှု ၆ သန်းကျော်သွားခဲ့ပြီဖြစ်တဲ့ Hyun Bin နဲ့ YoonA တို့ရဲ့ ဇာတ်ကားသစ်

ရုံတွင်းကြည့်ရှုမှု ၆ သန်းကျော်သွားခဲ့ပြီဖြစ်တဲ့ Hyun Bin နဲ့ YoonA တို့ရဲ့ ဇာတ်ကားသစ်

မကြာသေးမီကမှ ထွက်ရှိထားခဲ့တဲ့ “Confidential Assignment 2: International” ဇာတ်ကားသစ်ဟာ ကိုရီးယား Box Office မှာတော့ ရုံတွင်းကြည့်ရှုသူ ၆ သန်း ကျော်သွားခဲ့ပြီဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်နေ့မှာ ကိုရီးယား ရုပ်ရှင်ကောင်စီဟာ Hyun Bin နဲ့ YoonA တို့ရဲ့ “Confidential Assignment 2” ရုပ်ရှင်က ကြည့်ရှုသူစုစုပေါင်း 6,000,559 ကို ကျော်လွန်သွားပြီဖြစ်ကြောင်း ကြေငြာခဲ့ပါတယ်။

ဒီဇာတ်ကားကို ရုံတင်ပြီး ၂၆ ရက်အကြာမှာပဲ အဆိုပါ အံ့အားသင့်ဖွယ်စံချိန်ကို ရရှိခဲ့ပြီး ကိုရီးယား Box Office မှာ “Top Gun: Maverick” တင်ထားခဲ့တဲ့ ရက်ပေါင်း ၃၀ စံချိန်ထက် ပိုမြန်ခဲ့ပါတယ်။

ဒါ့အပြင် Box Office ရဲ့ No. 1 နေရာမှာ ရပ်တည်ထားခဲ့ပြန်တဲ့ “Confidential Assignment 2” ဟာ “The Roundup” နဲ့ “ Hansan: Rising Dragon” တို့လို ကြည့်ရှုအားပေးသူ ၆ သန်းကျော်ရှိ ပြည့်မြောက်ခဲ့တဲ့ တတိယမြောက် ကိုရီးယားဇာတ်ကားလည်း ဖြစ်ပါတယ်။

ဇာတ်ကားရဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ Hyun Bin, Girls’ Generation အဖွဲ့မှ YoonA, Jin Sun Kyu, Yoo Hae Jin, Daniel Henney နဲ့ Park Hoon တို့ အပါအဝင် ဒါရိုက်တာ Lee Seok Hoon တို့ကလည်း သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ဂုဏ်ပြုတဲ့အနေဖြင့် ဓာတ်ပုံများကို မျှဝေခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x