Diet လုပ်အပြီး မြင်တွေ့ခဲ့ရတဲ့ အသွင်အပြင်ကြောင့် ပရိသတ်တွေကို စိုးရိမ်စေခဲ့တဲ့ Lee Sung Kyung
Diet လုပ်အပြီး မြင်တွေ့ခဲ့ရတဲ့ အသွင်အပြင်ကြောင့် ပရိသတ်တွေကို စိုးရိမ်စေခဲ့တဲ့ Lee Sung Kyung
ပရိသတ်ချစ် မင်းသမီးလေး Lee Sung Kyung ဟာ အချိန်အတော်ကြာမှ လူကြားထဲ ပေါ်လာခဲ့ပေမယ့် သူမရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်က ပရိသတ်တွေရဲ့ စိုးရိမ်မှုကို မြင့်တက်စေခဲ့ပါတယ်။
နာမည်ကြီးတော်တော်များများက ကင်မရာမှာ ပိုမိုလှပနေစေဖို့ တင်းကျပ်တဲ့ အစားအသောက်တွေကို စားသောက်ကြပါတယ်။ ဒါပေမယ့် တချို့အတွက်တော့ သိသိသာသာ ပိန်ကျသွားခဲ့တာမျိုးတွေက ပရိသတ်တွေကို စိတ်ပူစေခဲ့ပါတယ်။
အခုတစ်ခါမှာလည်း မင်းသမီး Lee Sung Kyung ရဲ့ ပြီးခဲ့တဲ့လက 2023 Milan Fashion Week အတွက် အင်ချွန်း အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပုံတွေက ဟိုးလေတကျော် ဖြစ်လာခဲ့ပါတယ်။
အကြောင်းရင်းကတော့ သူမရဲ့ diet လုပ်အပြီး မြင်တွေ့ခဲ့ရတဲ့ ပိန်ပါးလွန်းနေတဲ့ ခန္ဓာကိုယ်ကြောင့် ပရိသတ်တွေက စိုးရိမ်နေခဲ့ကြရတာပါ။ မင်းသမီးချောက အမိုက်စား ဖက်ရှင်နဲ့ ဖြောင့်စင်းတဲ့ ခြေတံရှည်နဲ့ သွယ်လျတဲ့ ကိုယ်ခန္ဓာကိုယ်တို့ကို ယုံကြည်ချက်ရှိရှိ ပြသခဲ့ပေမဲ့ ပရိသတ်တွေကတော့ ပူပန်နေခဲ့ကြတာပါ။
ခန္ဓာကိုယ်က နဂိုကတည်းက အရမ်းပိန်တဲ့ Lee Sung Kung ဟာ မကြာသေးခင်ကမှ diet လုပ်ခဲ့ပြီး သူမရဲ့ ဇွန်လက ပြီးဆုံးခဲ့တဲ့ tvN drama “Shooting Stars” မှာ ပါဝင်ခဲ့တဲ့အချိန်က ပုံရိပ်တွေနဲ့ သိသိသာသာကွဲပြားသွားခဲ့တာပါ။
မင်းသမီးက သူမရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြဿနာမရှိပေမယ့် ပရိသတ်တွေထံက “မင်းဝိတ်ချစရာ မလိုဘူး”၊ “Unnie ကောင်းကောင်းစားပါ” အစရှိတဲ့ စိုးရိမ်မှုတွေနဲ့ ရောထွေးတဲ့ တုံ့ပြန်မှုတွေ ထွက်လာခဲ့ပါတယ်။