အချစ်ရဆုံးခွေးလေးကို ဆုံးရှုံးခဲ့ရလို့ စိတ်ကျဝေဒနာခံစားနေရတဲ့ Goo Hye Sun

အချစ်ရဆုံးခွေးလေးကို ဆုံးရှုံးခဲ့ရလို့ စိတ်ကျဝေဒနာခံစားနေရတဲ့ Goo Hye Sun

Goo Hye Sun က မကြာသေးမီက သူမရဲ့ အိမ်မွေးခွေးလေးအကြောင်း စိတ်မကောင်းစရာ သတင်းကို ထုတ်ဖော်ပြသခဲ့ပြီး ကိုယ်အလေးချိန်တက်လာရတဲ့ အကြောင်းရင်းလည်း ဖြစ်တယ်လို့ ရှင်းပြသွားခဲ့ပါတယ်။

မင်းသမီး Goo Hye Sun ဟာ အချိန်အတော်ကြာပြီးနောက် ကင်မရာရှေ့မှာ ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရပြီး ၂၇ ကြိမ်မြောက် ‘Chunsa International Film Festival’ ကို မကြာသေးမီက တက်ရောက်ခဲ့တာပါ။

အဲဒီနေ့မှာ သူမဟာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်အနေနဲ့ ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး အကျီင်္မီနီဝတ်စုံနဲ့ fedora ဦးထုပ်ကို ဝတ်ဆင်ခဲ့ပါတယ်။

သူမရဲ့ ဖြူစင်တဲ့ အသားအရေနဲ့ လှပတဲ့ ရုပ်ရည်တွေကို ပြသထားပေမယ့် ကိုယ်အလေးချိန် နည်းနည်းတက်လာတာကို ပရိသတ်တွေနဲ့ မီဒီယာတွေက သတိထားမိခဲ့ကြပါတယ်။ ဒီပြဿနာတွေကို သတိပြုမိပြီး ဆုပေးပွဲအပြီးမှာ မင်းသမီးက သူ့ရဲ့ SNS မှာ ရှင်းပြချက်တစ်ခု တင်ခဲ့ပါတယ်။

အဆိုပါ ရှင်းပြချက်မှာတော့ မကြာသေးမီက သူမရဲ့ခွေးလေးကို ဆုံးရှုံးလိုက်ရတာလည်း ပါဝင်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ လလယ်က Goo Hye Sun ဟာ သူမရဲ့ golden retriever ခွေးလေး Gamja ကွယ်လွန်သွားကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ထိုအချိန်က သူမဟာ SNS မှာ သူမရဲ့ Gamja တို့ရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများကိုတင်ခဲ့ပြီးGamja က သူ့ဘဝရဲ့ အရာရာပဲဆိုတဲ့အကြောင်းနဲ့ အရမ်းစိတ်ထိခိုက်နေတဲ့အကြောင်း ပရိသတ်တွေကို အသိပေးထားခဲ့ဖူးတာပါ။ ဒါကြောင့်လည်း Goo Hye Sun က စိတ်ကျဝေဒနာကို ခံစားနေနိုင်ဖွယ်ရှိပြီး ကိုယ်အလေးချိန်တက်လာရတာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x