ပရိသတ်တွေသိထားသင့်တဲ့ “ချစ်သောဒိုနိုဝမ်” က Donovan (Luke Ishikawa) အကြောင်း

မကြာသေးခင်က “ချစ်သော ဒိုနိုဝမ်” ဇာတ်လမ်းတွဲမှာ Donovan ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ မြန်မာပရိသတ်တွေကြားမှာ ရေပန်းစားလာခဲ့တဲ့ မင်းသားချော Luke Ishikawa ရဲ့ ပရိသတ်တွေ သိထားသင့်တဲ့ အကြောင်းအရာတချို့ကို ဖော်ပြပေးသွားချင်ပါတယ်။

Luke Ishikawa ကို စက်တင်ဘာ ၁၃ ရက် ၁၉၉၅ မှာ မွေးဖွားခဲ့တာကြောင့် အသက် ၂၇ နှစ်အရွယ် ရှိပါပြီ။ မင်းသားချောဟာ အရပ် ၆ ပေ မြင့်မားသလို ကိုယ် အလေးချိန်က ၁၆၅ ပေါင်ရှိပြီး ကြွက်သားအကျစ်အလျစ်နဲ့ မိန်းကလေးတွေရဲ့ ချစ်သူကောင်လေး တော်ချင်စရာ ရုပ်ရည်နဲ့ ခန္ဓာကိုယ်တို့ကို ပိုင်ဆိုင်ထားပါတယ်။

သူက ဂျပန်-အမေရိကန် ကပြားတစ်ယောက်ပါ။ Luke Ishikawa ဟာ အမေရိကန်ပြည်ထောင်စု၊ George Washington တက္ကသိုလ်မှာ သင်္ချာနဲ့ စာရင်းအင်းဆိုင်ရာ ဘွဲ့ဒီဂရီဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။

ကျော်ကြားလာတဲ့ မင်းသားချောဟာ ဘတ်စကတ်ဘောနဲ့ လက်ဝှေ့ကစားတာကို နှစ်သက်ပါတယ်။ သူကြိုက်တဲ့အရောင်က အဝါရောင်ဖြစ်ပြီး အားလပ်ချိန်တွေမှာ ခရီးထွက်တာ၊ စာအုပ်ဖတ်တာ၊ ဂိမ်းဆော့ရတာကို ကြိုက်နှစ်သက်သူပါ။

Luke ဟာ ၂၀၁၉ စီးရီး “Wolf” မှာ သရုပ်ဆောင်အဖြစ် ပွဲဦးထွက်ခဲ့ပြီး GMM 25 နဲ့ စာချုပ်ချုပ်ဆိုထားတဲ့ မင်းသားတစ်လက်ပါ။ “Wake Up Ladies 2: Very Complicated”, “Nabi, My Stepdarling”, “Mama Gogo!”, “Oh! MY Boss” တို့မှာ သရုင်ဆောင်ခဲ့ပြီး “My Dear Donovan” (ချစ်သော ဒိုနိုဝမ်)မှာတော့ နိုင်ငံတကာထက်ကို ကျော်ကြားအောင်မြင်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x