သူငယ်ချင်း Wooyoung ရဲ့ ဝမ် သန်း ၇၀ ငွေချေးမှုကို ချက်ချင်းချေးပေးခဲ့တဲ့ Nichkhun

သူငယ်ချင်း Wooyoung ရဲ့ ဝမ် သန်း ၇၀ ငွေချေးမှုကို ချက်ချင်းချေးပေးခဲ့တဲ့ Nichkhun

Wooyoung က ဝမ်သန်း ၇၀ ချေးဖို့ ရုတ်တရက် တောင်းဆိုတဲ့အခါ Nichkhun က သူဟာ သူငယ်ချင်းအစစ်အမှန်ဖြစ်ကြောင်း သက်သေပြခဲ့ရင်းနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို နွေးထွေးစေခဲ့ပါတယ်။

KBS 2TV ရဲ့ “Beat Coin” က အောက်တိုဘာလ ၂ ရက်နေ့ အပိုင်းမှာ သရုပ်ဆောင် အဖွဲ့ဝင်များကို သူတို့အသိတွေကို ခေါ်စေပြီး ငွေချေးခိုင်းရန် တာဝန်ပေးခဲ့ပါတယ်။ တကယ် ပိုက်ဆံချေးစရာမလိုပေမယ့် သူတို့ခေါ်တဲ့လူက ဒါကိုမသိလိုက်ဘဲ စုစုပေါင်း ဝမ် သန်း ၁၀၀ (ဒေါ်လာ ၇၀,၀၀၀) ချေးဖို့ သဘောတူမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။

Wooyoung က Nichkhun ကို ဖုန်းခေါ်ဖို့ ရွေးချယ်ခဲ့ပြီး “တောင်းပန်ပါတယ် hyung , ဒါပေမယ့် လောလောဆယ်တော့ ငွေအမြန်လိုအပ်နေပါတယ်။ ကျွန်တော့်ကို ငွေနည်းနည်းလောက် ချေးပေးနိုင်မယ်ထင်လား” လို့ Nichkhun ကို တောင်းဆိုခဲ့ပါတယ်။

Nichkhun ကလည်း မဆိုင်းမတွနဲ့ပဲ ဘယ်လောက်လိုအပ်လဲလို့ ပြန်မေးလာခဲ့တော့ Jo Se Ho ရဲ့တောင်းဆိုချက်အရ Wooyoung က “ဝမ်သန်း ၅၀ (ဒေါ်လာ ၃၅,၀၀၀ ခန့်)” လို့ ပြန်ဖြေခဲ့ပါတယ်။

နောက်ထပ် ရှင်းပြချက် မတောင်းဘဲ Nichkhun က ချက်ချင်း သဘောတူပြီး “ဘယ်ကို ပို့ရမှာလဲ” လို့ မေးပါတယ်။ အဲဒီနောက် Wooyoung က အသေးစိတ် အချက်အလက်များကို သူ့ထံ စာပို့မယ်လို့ ပြောပြပြီးနောက် Nichkhun က စိုးရိမ်တကြီးဖြင့် “အဆင်ပြေလား။ မင်း ဘာမှဒုက္ခမဖြစ်ဘူးလား” ဆိုပြီး ပြန်မေးခဲ့ပါတော့တယ်။

Wooyoung က “ကျွန်တော်က ဘာမှပြဿနာမရှိပါဘူး၊ ဒါပေမယ့် hyung က နည်းနည်းထပ်ချေးလို့ရနိုင်ပါ့မလား။ ဝမ်သန်း ၂၀ (ဒေါ်လာ ၁၄,၀၀၀ ခန့်) ပိုရနိုင်မလား? အဲဒါဆို ပိုကောင်းလိမ့်မယ်” လို့ ဆက်လက်တောင်းဆိုခဲ့ပါတယ်။

“ဒါဆို ဝမ် သန်း 70 (ဒေါ်လာ ၅၀,၀၀၀ နီးပါး) ပေါ့” လို့ Nichkhun က ရယ်မောပြီး “နေပါဦး မင်း လူသတ်ထားတာတော့ မဟုတ်ဘူးမလား” လို့ စနောက်နေခဲ့ပါတော့တယ်။

Nichkhun ကို အရမ်း ကျေးဇူးတင်ပြီး သူ ဒုက္ခမရောက်ကြောင်း သေချာစေပြီးနောက် Wooyoung က ဖုန်းချလိုက်ပြီး မစ်ရှင် အောင်မြင်နေပေမဲ့ လုံးဝ မပျော်ရွှင်ခဲ့ပါဘူး။

အကြောင်းရင်းကတော့ Nichkhun ဟာ အရမ်းကို အယုံကြည်လွယ်လွန်းတာကြောင့် စိတ်မကောင်းဖြစ်ခဲ့ရပြီးပြီး Wooyoung ကလည်း သူ့ကို စိတ်ပူနေခဲ့ရပါတော့တယ်။

Nichkhun ရဲ့ သူငယ်ချင်းကောင်း ပီသမှုနဲ့ သူငယ်ချင်းအပေါ် ခြွင်းချက်မရှိ ယုံကြည်မှုတို့ကတော့ တကယ့်ကို အံ့အားသင့်စရာပါပဲနော်။

Leave a Reply

Your email address will not be published. Required fields are marked *

x