ခင်ပွန်းဖြစ်သူ Hyun Bin ရဲ့ ဇာတ်ကားအသစ်ကို ရုပ်ရှင်ရုံမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးခဲ့တဲ့ Son Ye Jin

နာမည်ကျော်ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Son Ye Jin ဟာဆိုရင် ခင်ပွန်းဖြစ်သူ Hyun Bin ပါဝင်ထားတဲ့ ‘Confidential Assignment 2 : International’ ဇာတ်ကားအသစ်ရဲ့ ရုပ်ရှင်လက်မှတ်ပုံကို အောက်တိုဘာလ ၂ ရက်နေ့ မနေ့တုန်းက သူမရဲ့ အင်စတာဂရမ်စာမျက်နှာ ကနေတစ်ဆင့်မျှဝေဖော်ပြခဲ့ပါတယ်။
အဆိုပါဖော်ပြခဲ့တဲ့ပို့စ်ဟာ အချိန်တိုအတွင်းမှာတင် ပရိသတ်တွေကို စိတ်ဝင်စားမှုမြင့်တက်သွားစေခဲ့ပြီး ဒီလိုမြင့်တက်စေခဲ့အကြောင်းအရင်းကတော့ Son Ye Jin ဝယ်ယူထားတဲ့ရုပ်ရှင်လက်မှတ်က ည ၉ နာရီ ၄၀ မိနစ်မှာ ပြသတဲ့ပွဲဖြစ်တဲ့အပြင် ခုံအရေအတွက်လည်း ၂ ခုံဖြစ်နေ တဲ့အတွက်ပါပဲ။
ဒါကြောင့် ပရိသတ်တွေက Son Ye Jin တစ်ယောက် ခင်ပွန်းဖြစ်သူနဲ့အတူ ရုပ်ရှင်သွားကြည့်တာဖြစ်နိုင်တယ်လို့ ယုံကြည်ခန့်မှန်းထားကြပြီး ဒီလိုယုံကြည်ရတဲ့အကြောင်းကလည်း အင်တာဗျူးတစ်ခုမှာ Son Ye Jin ပြောခဲ့ဖူးတဲ့ သူမရဲ့ အကြိုက်ဆုံးဒိတ်လုပ်တဲ့ပုံစံက အခုဒိတ်တဲ့ပုံစံမျိုးနဲ့ တူညီနေတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။
Son Ye Jin ဟာ သူမအနေနဲ့ ချစ်သူရဲ့လက်ကိုတွဲပြီး လမ်းအတူလျှောက်တာ၊ ရုပ်ရှင်ကြည့်ရတာမျိုးတို့ကို နှစ်သက်ကြောင်း အဆိုပါအင်တာဗျူးမှာ ပြောခဲ့ဖူးတာဖြစ်ပါတယ်။ တကယ်သာ ခင်ပွန်းဖြစ်သူနဲ့ အတူဒိတ်ပြီး ရုပ်ရှင်ကြည့်ခဲ့တယ်ဆိုရင်တော့ ဒါဟာ သူမ ဖြတ်သန်းချင်တဲ့ဒိတ်ပုံစံမျိုးကို ပိုင်ဆိုင်လိုက်ရတယ်လို့ ဆိုရမှာပါပဲနော်။
Hyun Bin နဲ့ Son Ye Jin တို့ဟာဆိုရင် အခု ၂၀၂၂ ခုနှစ် မတ်လ ၃၁ ရက်နေ့က တရားဝင်လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ Son Ye Jin မှာ ပထမဆုံးရင်သွေးလေး လွယ်ဆောင်ထားရပြီဖြစ်ပါတယ်။
Ref : Koreaboo
Nemo