ရှားပါးရောဂါတစ်မျိုးကို ခံစားခဲ့ရတဲ့ HAHA နဲ့ Byul တို့ရဲ့ သမီးအငယ်ဆုံးလေး

ရှားပါးရောဂါတစ်မျိုးကို ခံစားခဲ့ရတဲ့ Haha နဲ့ Byul တို့ရဲ့ သမီးအငယ်ဆုံးလေး

တီဗွီအစီအစဉ်တင်ဆက်သူလည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ Haha ရဲ့ ဇနီးဖြစ်သူ အဆိုတော် Byul ဟာဆိုရင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အင်စတာဂရမ်စာမျက်နှာကနေတစ်ဆင့် သူတို့ရဲ့သမီးအငယ်ဆုံးလေး Song နဲ့ ပတ်သတ်ပြီး စိတ်မကောင်းစရာသတင်းတစ်ခုကို အသိပေးဖွင့်ဟပြောပြသွားခဲ့ပါတယ်။

အဲဒါကတော့ Song လေးဟာ Guillain-Barré Syndrome လို့ခေါ်တဲ့ ရှားပါးရောဂါတစ်မျိုးကို ရင်ဆိုင်ခံစားခဲ့ရတယ်ဆိုတာပါပဲ။ ပထမဦးစွာ Byul က သူမအနေနဲ့ သမီးဖြစ်သူ နေမကောင်းဖြစ်နေတာကြောင့် လူမှုကွန်ရက်စာမျက်နှာမှာရော၊ YouTube Channel မှာပါ update မလုပ်နိုင်ခဲ့သလို အသစ်ထွက်ရှိမယ့်အယ်လ်ဘမ်အတွက်လည်း အချိန်မပေးနိုင်ခဲ့ကြောင်းဆိုကာ ပရိသတ်တွေကို ရှင်းပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ နေမကောင်းဖြစ်နေတဲ့သမီးလေးကိုကြည့်ပြီး သမီးလေးရဲ့နေရာမှာ သူမသာလျှင် ကိုယ်စားဖြစ်ချင်ခဲ့ကြောင်း၊ သို့ပေမယ့် ကံကောင်းထောက်မစွာနဲ့ Song လေးက အမြန်ဆုံးသက်သာလာခဲ့ပြီး ဆေးရုံကဆင်းပြီးနောက် အိမ်ကိုပြန်ရောက်ချိန်မှာတော့ အခြေအနေတွေက ယခင်ကထက် ပိုမိုတိုးတက်လာခဲ့ကြောင်းဆိုကာ ပြောပြသွားခဲ့ပါတယ်။

Byul ရဲ့ပြောပြမှုအရဆိုရင် Song ဟာ ဆေးရုံတက်ပြီး ဆေးကုသမှုခံယူနေရစဉ်အချိန်တုန်းက သူမကိုယ်သူမတောင် ကောင်းစွာမတ်တပ်မရပ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာတော့ လူကောင်းပကတိအတိုင်း သက်သာကောင်းမွန်နေပြီဖြစ်တာကြောင့် သူမအနေနဲ့ ပရိသတ်‌တွေကို အခုလိုအသိပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

‘Guillain-Barré Syndrome’ ဟာဆိုရင် ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်မှာရှိတဲ့အာရုံကြောတွေကို တိုက်ခိုက်တာကြောင့် ကြွက်သားအားနည်းပြီး မတုံ့ပြန်နိုင်ခြင်းနဲ့ ခန္ဓာကိုယ်ထုံကျဉ်ခြင်းတို့ကိုဖြစ်စေတဲ့ ရှားပါးသော အာရုံကြောဆိုင်ရာချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x