ဟင်းချက်လက်ရာကောင်းတဲ့ ဇနီးဖြစ်သူ Son Ye Jin အကြောင်းကို တခုတ်တရကြွားလုံးထုတ်ခဲ့တဲ့ Hyun Bin

နာမည်ကျော်ထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Hyun Bin ဟာဆိုရင် လူသိများထင်ရှားတဲ့အနုပညာရှင်တစ်ယောက်အဖြစ် အချိန်ကာလကြာရှည်စွာရပ်တည်လာခဲ့တယ်ဆိုပေမယ့်လည်း သူ့ရဲ့နေထိုင်မှုပုံစံအကြောင်းတွေကိုတော့ လူအများသိရှိအောင် ထုတ်ဖော်ချပြလေ့မရှိခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ရုပ်ရှင်ဇာတ်ကားအသစ်ဖြစ်တဲ့ ‘Confidential Assignment 2’ နဲ့ပတ်သတ်တဲ့ အင်တာဗျူးတစ်ခုမှာတော့ Son Ye Jin နဲ့လက်ထပ်ပြီးနောက် ပြောင်းလဲသွားခဲ့တဲ့ သူ့ရဲ့နေထိုင်မှုပုံစံအကြောင်းနဲ့ ဟင်းချက်လက်ရာကောင်းလွန်းတဲ့ ဇနီးဖြစ်သူအကြောင်းတို့ကို ကြွားလုံးထုတ်ပြောပြသွားခဲ့တာ တွေ့ရပါတယ်။

Hyun Bin က သူဟာ Son Ye Jin နဲ့ လက်မထပ်ခင်အချိန်၊ တစ်ကိုယ်တည်းသမားအဖြစ် နေထိုင်ခဲ့စဉ်အချိန်တုန်းကတော့ မနက်ခင်းကို ပုံမှန်အားဖြင့် ကော်ဖီတစ်ခွက်နဲ့သာလျှင် ဗိုက်ဖြည့်တင်းပြီး အလုပ်လုပ်တတ်သူဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဟင်းချက်လက်ရာကောင်းမွန်လွန်းတဲ့ ဇနီးဖြစ်သူနဲ့ လက်ထပ်ပြီးချိန်မှာတော့ မနက်စာကို သေချာစနစ်ကျစားသောက်တတ်တဲ့ အကျင့်ရှိလာခဲ့ပြီး အဲဒီမနက်စာကိုလည်း Son Ye Jin က ကိုယ်တိုင်ပြင်ဆင်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဇနီးဖြစ်သူ Son Ye Jin ဆီကနေ သူ့ရဲ့ အလုပ်ကိစ္စတွေတိုင်းနဲ့ ပတ်သတ်လို့ များစွာသောအားပေးမှုတွေ ရရှိကြောင်း၊ ဆိုရှယ်မီဒီယာမှာ သူတို့နဲ့ပတ်သတ်ပြီး ရေးသားထားတဲ့ မှတ်ချက်တွေကိုလည်း နှစ်ယောက်အတူ ‌ဖတ်လေ့ရှိကြောင်းဆိုတာကိုလည်း Hyun Bin က ဖွင့်ဟပြောပြသွားခဲ့တာကို တွေ့ရပါတယ်။

Son Ye Jin ဟာဆိုရင် အောင်မြင်ပြီးကျော့မော့လှတဲ့ မင်းသမီးတစ်လက်ဖြစ်သလို မီးဖိုချောင်ပိုင်းကိစ္စတွေမှာလည်း နိုင်နင်းမှုရှိတဲ့ အိမ်ထောင်ရှင်မတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါ့အပြင် ဟင်းချက်လက်ရာပိုင်းမှာလည်း ကောင်းမွန်တယ်လို့ နာမည်ကြီးတဲ့သူမဟာ ရံဖန်ရံခါဆိုသလို သူမ ကိုယ်တိုင် ချက်ပြုတ်ပြင်ဆက်ထားတဲ့ ဟင်းအမည်တွေရဲ့ ပုံတွေကိုလည်း အင်စတာဂရမ်လူမှုကွန်ရက်စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေမြင်တွေ့ရဖို့အတွက် မျှဝေပေးလေ့ရှိသူဖြစ်ပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x