ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ Taeyeon နဲ့ တွေ့ဆုံခဲ့ရတာကြောင့် စိတ်လှုပ်ရှားလွန်းနေခဲ့တဲ့ BamBam
ငယ်ငယ်ကတည်းက သဘောကျခဲ့ရတဲ့ Taeyeon နဲ့ တွေ့ဆုံခဲ့ရတာကြောင့် စိတ်လှုပ်ရှားလွန်းနေခဲ့တဲ့ BamBam
BamBam ကတော့ နာမည်ကျော် GOT7 ရဲ့ အဖွဲ့ဝင် ထိုင်းလူမျိုး idol တစ်ဦးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ပရိသတ်အများအပြားရဲ့ အချစ်ခံလေးဆိုရင်လည်း မမှားပါဘူး။
တကယ်တော့ BamBam ဟာ အနုပညာလောကထဲကို မ၀င်လာခင်ကတည်းက SNSD အဖွဲ့ဝင် Taeyeon ကို သဘောကျနေ ချစ်ခင်ခဲ့ရတယ်လို့သိရပြီး တစ်ရက်မှာတော့ သူ့ရဲ့ crush မမ Taeyeon နဲ့ ဆုံတွေ့နိုင်ခဲ့ပါပြီ။
BamBam ဟာ Taeyeon ရဲ့ ပရိသတ်တွေဆီ သွားပြီး စင်ပေါ်မှာ တွေ့ခဲပါတယ်။ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှာတော့ Taeyeon ဟာ BamBam, Chen, Xdinary Heroes တို့နဲ့အတူ ထိုင်းနိုင်ငံရဲ့ ဖျော်ဖြေပွဲမှာ ပါဝင်လာခဲ့ပါတယ်။
အထူးသဖြင့် BamBam ဟာ တူညီတဲ့ အိမ်ရှင်အဖြစ် ရှိနေခဲ့ပြီး သူချစ်ခင်ရတဲ့ စီနီယာ အစ်မတစ်ယောက်နဲ့ အချိန်အကြာကြီး အတူတူ စင်ပေါ်မှာ ရှိနေခဲ့ရပြီး စိတ်လှုပ်ရှားနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။
BamBam က Taeyeon နဲ့ အတူရှိနေချိန်မှာ ချစ်စဖွယ် အပြုံးမျိုးကို ပိုင်ဆိုင်ထားခဲ့သလို အရမ်းပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေခဲ့ရပုံပါပဲ။
ဒါ့အပြင် BamBam ဟာ ဖျော်ဖြေပွဲအပြီးမှာလည်း သူ့ရဲ့ အချစ်တော်ကြယ်ပွင့်နဲ့ တွဲဖက်ဓာတ်ပုံတစ်ပုံကို လူမှုကွန်ရက်မှာ တင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို ခံခဲ့ရပါသေးတယ်။