ဒီဇင်ဘာမှာ လက်ထပ်တော့မယ့် ချစ်သူသတို့သားလောင်းနဲ့အတူ Gym မှာ အချိန်ကုန်ဆုံးခဲ့တဲ့ T-ARA အဖွဲ့ဝင် Jiyeon

နာမည်ကြီးဝါရင့်အမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ T-ARA အဖွဲ့ဝင် Jiyeon နဲ့ လာမယ့် ဒီဇင်ဘာလထဲမှာ လက်ထပ်တော့မယ့် သတို့သားလောင်းဖြစ်သူ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမား Hwang Jaegyun ဟာဆိုရင် အခု အောက်တိုဘာလ ၃ ရက်နေ့တုန်းက သူ့ရဲ့အင်စတာဂရမ်စတိုရီကနေတစ်ဆင့် ပုံရိပ်တစ်ခုကိုမျှဝေခဲ့ပါတယ်။

အဲဒါကတော့ ဇနီးလောင်းဖြစ်တဲ့ Jiyeon နဲ့အတူ Gym တစ်ခုမှာ ရိုက်ကူးထားတဲ့ Mirror Selfie ပုံဖြစ်ပြီး ပုံထဲမှာတော့ “Jiyeon ကျန်းမာဖို့အတွက် ပထမဆုံးစတင်မှု” လို့ရေးသားကာ Jiyeon ရဲ့အကောင့်ကိုလည်း Tag တွဲဖော်ပြထားတာဖြစ်ပါတယ်။

ယင်းပုံထဲမှာ‌ဆိုရင် Jiyeon ကို Crop Jacket နဲ့ Leggings တွဲဖက်ဝတ်ဆင်ထားပြီးး Hwang Jaegyun ကတော့ Jiyeon ရဲ့ဘေးနားမှာ သူ့ကိုယ်ကို အနည်းငယ်နှိမ့်ချကာ ယှဉ်တွဲရပ်နေတာကို တွေ့ရပါတယ်။

သူတို့နှစ်ဦးဟာဆိုရင် ချစ်သူတွေဖြစ်နေကြောင်းနဲ့ အခု လာမယ့် ဒီဇင်ဘာလထဲမှာ အိမ်ထောင်ပြုတော့မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက တရားဝင်အသိပေးကြေညာခဲ့တာဖြစ်ပြီး Jiyeon ကိုယ်တိုင်ကလည်း သူမရဲ့ချစ်သူဟာ သူမကို စိတ်ချလုံခြုံမှုကိုပေးစွမ်းနိုင်တဲ့သူဖြစ်ကြောင်းကို ဖွင့်ဟပြောခဲ့ဖူးပါတယ်။

Ref : GStarLive
Nemo

ဒီဇင်ဘာမှာ လက်ထပ်တော့မယ့် ချစ်သူသတို့သားလောင်းနဲ့အတူ Gym မှာ အချိန်ကုန်ဆုံးခဲ့တဲ့ T-ARA အဖွဲ့ဝင် Jiyeon

နာမည်ကြီးဝါရင့်အမျိုးသမီး Idol တစ်ယောက်ဖြစ်တဲ့ T-ARA အဖွဲ့ဝင် Jiyeon နဲ့ လာမယ့် ဒီဇင်ဘာလထဲမှာ လက်ထပ်တော့မယ့် သတို့သားလောင်းဖြစ်သူ ပရော်ဖက်ရှင်နယ် ဘေ့စ်ဘောကစားသမား Hwang Jaegyunဟာဆိုရင် အခု အောက်တိုဘာလ ၃ ရက်နေ့တုန်းက သူ့ရဲ့အင်စတာဂရမ်စတိုရီကနေတစ်ဆင့် ပုံရိပ်တစ်ခုကိုမျှဝေခဲ့ပါတယ်။

အဲဒါကတော့ ဇနီးလောင်းဖြစ်တဲ့ Jiyeon နဲ့အတူ Gym တစ်ခုမှာ ရိုက်ကူးထားတဲ့ Mirror Selfie ပုံဖြစ်ပြီး ပုံထဲမှာတော့ “Jiyeon ကျန်းမာဖို့အတွက် ပထမဆုံးစတင်မှု” လို့ရေးသားကာ Jiyeon ရဲ့အကောင့်ကိုလည်း Tag တွဲဖော်ပြထားတာဖြစ်ပါတယ်။

ယင်းပုံထဲမှာ‌ဆိုရင် Jiyeon ကို Crop Jacket နဲ့ Leggings တွဲဖက်ဝတ်ဆင်ထားပြီးး Hwang Jaegyun ကတော့ Jiyeon ရဲ့ဘေးနားမှာ သူ့ကိုယ်ကို အနည်းငယ်နှိမ့်ချကာ ယှဉ်တွဲရပ်နေတာကို တွေ့ရပါတယ်။

သူတို့နှစ်ဦးဟာဆိုရင် ချစ်သူတွေဖြစ်နေကြောင်းနဲ့ အခု လာမယ့် ဒီဇင်ဘာလထဲမှာ အိမ်ထောင်ပြုတော့မှာဖြစ်ကြောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက တရားဝင်အသိပေးကြေညာခဲ့တာဖြစ်ပြီး Jiyeon ကိုယ်တိုင်ကလည်း သူမရဲ့ချစ်သူဟာ သူမကို စိတ်ချလုံခြုံမှုကိုပေးစွမ်းနိုင်တဲ့သူဖြစ်ကြောင်းကို ဖွင့်ဟပြောခဲ့ဖူးပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x