Jisoo ကို Global Ambassador အဖြစ် ခန့်အပ်ဖို့အတွက် Dior ထက် ငွေပမာဏနှစ်ဆပေးပြီး အပြိုင်အဆိုင်ကမ်းလှမ်းနေတဲ့ Cartier

လတ်တလော K-pop ဖျော်ဖြေရေးနယ်ပယ်မှာ ဟစ်ဖြစ်နေတဲ့သတင်းတစ်ခုကတော့ ကမ္ဘာကျော်ဖက်ရှင်အမှတ်တံဆိပ်ကြီးနှစ်ခုဖြစ်တဲ့ Dior နဲ့ Cartier တို့ဟာဆိုရင် BLACKPINK ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Jisoo ကို သူတို့ရဲ့ Global Ambassador အဖြစ် ခန့်အပ်နိုင်ဖို့အတွက် လက်ရှိအချိန်မှာ အပြိုင်အဆိုင်ကြိုးပမ်းလျက်ရှိနေကြတယ်ဆိုတာပါပဲ။
ပြင်သစ်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Madame Figaro ရဲ့ ရေးသားဖော်ပြမှုအရဆိုရင် Cartier အမှတ်ဟာ Jisoo နဲ့ စာချုပ်ချုပ်ဆိုပြီး လက်တွဲခွင့်ရဖို့အတွက် Dior ပေးတဲ့ ငွေပမာဏထက် နှစ်ဆတောင်မှပိုပေးပြီး ကမ်းလှမ်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Jisoo ဟာ လက်ရှိအချိန်မှာ Dior ဖက်ရှင်နဲ့ အလှကုန်အမှတ်တံဆိပ်ရဲ့ Global Ambassador အဖြစ် ဆောင်ရွက်ပေးလျက်ရှိနေတာဖြစ်ပြီး Cartier လက်ဝတ်ရတနာအမှတ်တံဆိပ်ရဲ့ Global Ambassador အဖြစ်နဲ့လည်း ခန့်အပ်ခံရဖို့အတွက် ရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။
Dior အနေနဲ့ Jisoo ကို Global Ambassador အဖြစ် ရွေးချယ်ခဲ့ပြီးနောက်မှာတော့ သူတို့ရဲ့ရောင်းအားပမာဏက ချက်ချင်းဆိုသလို ၄၀၀ ရာခိုင်နှုန်းအထိ မြင့်တက်သွားခဲ့ပြီး မီဒီယာတစ်ခွင်ကိုလွှမ်းမိုးနိုင်မှုနှုန်းကလည်း Jisoo ကြောင့် ၆၄ ရာခိုင်နှုန်းအထိရှိခဲ့တာဖြစ်ပါတယ်။ ဒီလိုလွှမ်းမိုးနိုင်မှုတွေကြောင့်လည်း Jisoo တစ်ယောက် ကမ္ဘာ့နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်တွေဆီကနေ အခုလိုမျိုး အပြိုင်အဆိုင်ကမ်းလှမ်းခံနေရတာက ထူးဆန်းတဲ့အရာမဟုတ်တော့ဘူးလို့ ဆိုရမှာပါပဲ။
Ref : GStarLive
Nemo