သူမရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တဲ့ Dara
သူမရဲ့ ပိုင်ဆိုင်ကြွယ်ဝမှုနဲ့ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့တဲ့ Dara
Dara ဟာ သူမရဲ့ ချမ်းသာကြွယ်ဝမှုဟာ ၃၀ ဘီလီယံဝမ် (အမေရိကန်ဒေါ်လာ ၂၁ သန်း) ရှိတယ်ဆိုတဲ့အကြောင်းကို ငြင်းဆန်သွားခဲ့ပါတယ်။
အောက်တိုဘာလ ၅ ရက်နေ့မှာ Dara ဟာ Park So Hyun နဲ့ အတူ ‘Problem Child in House’ အစီအစဥ်မှာ ပါဝင်လာခဲ့ပါတယ်။
အဲဒီနေ့မှာတော့ Dara က Coachella မှာ 2NE1 နဲ့ ပြန်လည်တွေ့ဆုံပွဲအပါအဝင် တခြားအကြောင်းအရာတွေနဲ့ သူမရဲ့ စားသောက်မှုပုံစံလေးတွေအကြောင်း ပြောပြခဲ့ပြီး သူမဟာ IU နဲ့ Lee Hyori တို့ နောက် တတိယအချမ်းသာဆုံး အမျိုးသမီးအနုပညာရှင်ဖြစ်တယ်ဆိုတဲ့ ကောလဟာလတွေအကြောင်းကိုလည်း ဖြေရှင်းခဲ့ပါတယ်။
ပထမဦးစွာ Dara ရဲ့ ဖိနပ် စုဆောင်းခြင်း ဝါသနာနဲ့ ပတ်သက်ပြီး သူမမှာ sneaker ဖိနပ်ပေါင်း အရံ ၁၀၀၀ လောက်ရှိတယ်လို့ ပြောပြသွားခဲ့ပြီး လူတိုင်းကို ထိတ်လန့်စေခဲ့ပါတယ်။
ထို့နောက် သူမရဲ့ အသားတင်ပိုင်ဆိုင်မှု ၃၀ ဘီလီယံဝမ် ရှိပြီး IU နဲ့ Lee Hyori တို့နောက် တတိယ အချမ်းသာဆုံး အမျိုးသမီး idol ဖြစ်တယ်ဆိုတဲ့ အတိတ်က သတင်းဆောင်းပါးတစ်ခုအကြောင်းကို ဆက်လက်ပြောပြခဲ့ပါတယ်။
Dara က “ကျွန်မမှာ ၃၀ ဘီလီယံဝမ် ရှိတယ်လို့ ပြောထားတဲ့ သတင်းတစ်ပုဒ်ရှိခဲ့ပါတယ်။ ဒါပေမယ့် အဲဒါမမှန်တဲ့အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ ဒါပေမယ့် စဉ်းစားကြည့်ရင်တော့ ကျွန်မရဲ့ သက်တမ်းတစ်လျှောက် ဝင်ငွေတွေ ပေါင်းလိုက်ရင်တော့ ၃၀ ဘီလီယံဝမ်လောက် ၀ရှိခဲ့တယ်လို့ ထင်ပါတယ်။”
“ကျွန်မရဲ့ ပိုင်ဆိုင်မှုတွေကတော့ ဈေးအများကြီးမတက်ရင် အိမ်ခြံမြေမှာပဲ ရင်းနှီးမြှုပ်နှံဖို့ လုပ်ထားပါတယ်” လို့ Dara က သူ့မရဲ့ လက်ရှိပိုင်ဆိုင်မှုဟာ ၃၀ ဘီလီယံဝမ် မဟုတ်တဲ့အကြောင်းကို ငြင်းဆိုသွားခဲ့ပါတယ်။