ဗီယက်နမ်နိုင်ငံမှာ ကြည့်ရှုခွင့်တားမြစ်ခံလိုက်ရတဲ့ Little Women

ဗီယက်နမ်နိုင်ငံမှာ ကြည့်ရှုခွင့်တားမြစ်ခံလိုက်ရတဲ့ Little Women

ဗီယက်နမ်နိုင်ငံမှာတော့ “Little Women” K-Drama ကို ပိတ်ပင်ခဲ့ပြီဖြစ်ပြီး Netflix ကိုလည်း သူတို့ region မှာ ဖြုတ်ချပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က ဒေသတွင်း မီဒီယာများရဲ့ ဖော်ပြချက်အရ ဗီယက်နမ် အာဏာပိုင်များက ဇာတ်လမ်းတွဲမှာ ဖော်ပြထားတဲ့ ဗီယက်နမ်စစ်ပွဲဟာ လက်တွေ့ဘဝကနဲ့ လွဲချော်နေတယ်လို့ ဆိုကာ “Little Women” ကို နိုင်ငံအတွင်း ကြည့်ရှုခွင့် ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ဗီယက်နမ်တို့က Drama ရဲ့ အပိုင်း ၃ နဲ့ ၈ တို့က ဗီယက်နမ်စစ်ပွဲရဲ့ ပုံဖော်ထားပုံတို့ကို စိတ်ပျက်နေခဲ့ပြီး အခုလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဇာတ်လမ်းတွဲပါ အကြောင်းအရာများနဲ့ ဗီယက်နမ်စစ်ပွဲကို အမှန်တရားနဲ့ ကွဲလွဲနေအောင် သရုပ်ဖော်ထားခြင်းဆိုတဲ့ အကြောင်းပြချက်နဲ့အတူ ဗီယက်နမ်ဟာ “Little Women” ကို ဆိုင်းငံ့ပေးဖို့ Netflix ကိုလည်း တောင်းဆိုထားခဲ့ပါတယ်။

တစ်ဖက်မှာလည်း စာရေးဆရာ Chung Seo-kyung ရဲ့ ၁၈၆၈ ထွက် ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ “Little Women” ဟာ လတ်တလောမှာ လူကြိုက်များနေခဲ့ပါတယ်။

ဇာတ်လမ်းကတော့ ဆင်းရဲနွမ်းပါးသော ညီအစ်မ သုံးယောက်ရဲ့ ဇာတ်လမ်းကို ပုံဖော်ထားပြီး ဝမ် ၇၀ ဘီလီယံ ပျောက်ဆုံးသွားတဲ့ ကိစ္စမှာ သူတို့ ပါဝင်ပတ်သက်ခဲ့မှု၊ ကိုရီးယားရဲ့ အချမ်းသာဆုံး မိသားစုကို ရဲဝံ့စွာ ရင်ဆိုင်ပုံတို့ကို သရုပ်ဖော်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x