Yoo Yeon Seok နဲ့ Moon Ga Young တို့ အတွဲကို မြင်တွေ့သွားရမယ့် အချစ်ဇာတ်လမ်းသစ်

Yoo Yeon Seok နဲ့ Moon Ga Young တို့ အတွဲကို မြင်တွေ့သွားရမယ့် အချစ်ဇာတ်လမ်းသစ်

Yoo Yeon Seok နဲ့ Moon Ga Young တို့ အတွဲအဖက်ကိုတော့ အချစ်ဇာတ်လမ်းတွဲသစ်မှာ မြင်တွေ့သွားရမှာဖြစ်ပါတယ်။ ဒီ Drama လေးမှာ သူတို့အတွဲအဖက်အပြင် Geum Sae Rok နဲ့ Jung Ga Ram တို့ကိုပါ မြင်တွေ့သွားရမှာပါ။

အောက်တိုဘာလ ၆ ရက်နေ့မှာတော့ သရုပ်ဆောင်လေးဦးဟာ လာမယ့် JTBC ဒရာမာ “Understanding of Love” မှာ ပါဝင်သရုပ်ဆောင်သွားကြဖို့ အတည်ပြုခဲ့ပါတယ်။

အချစ်ဇာတ်လမ်းတွဲ ဖြစ်တာနဲ့အညီ အချစ်ရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်ကို နားလည်လာကြတဲ့ မတူညီသော ကွဲပြားခြားနားမှုတွေနဲ့ လူလေးဦးအကြောင်း ဖြစ်ပါတယ်။

Yoo Yeon Seok ကတော့ သာမာန်လူနေမှုပုံစံကို နှစ်သက်သူ Ha Sang Soo အဖြစ် သရုပ်ဆောင်ထားပါတယ်။

Moon Ga Young ကတော့ ခက်ခဲတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာပြီးနောက် မိမိကိုယ်ကို ကာကွယ်ရန် အလုပ်များတဲ့ ဘဝနေထိုင်မှုပုံစံကို ထိန်းသိမ်းထားသူ Ahn Soo Young အဖြစ် ပါဝင်လာမှာပါ။

Geum Sae Rok ကတော့ ချမ်းသာတဲ့ မိသားစုမှာ ကြီးပြင်းလာတဲ့ ရဲရင့်သောအမျိုးသမီး Park Mi Kyung အဖြစ် သရုပ်ဆောင်ထားပါတယ်။

Jung Ga Ram ကတော့ ရဲအရာရှိဖြစ်လာဖို့ ကြိုးစားနေတဲ့ Jung Jong Hyun အဖြစ် ပါဝင်လာပါတယ်။

“Understanding of Love” ကိုတော့ JTBC က ယခုနှစ်နှောင်းပိုင်းမှာ ပြသသွားဖို့ စီစဉ်ထားပါတယ်။ ရိုတာမှ ကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်တွေအတွက် လက်မလွှတ်သင့်တဲ့ Drama လေးတစ်ခု ဖြစ်လာမှာပါ။

Leave a Reply

Your email address will not be published. Required fields are marked *

x