ပထမပိုင်းနဲ့တင် မြင့်မားတဲ့ rating ကို ရရှိသွားခဲ့တဲ့ D.O. ရဲ့ “Bad Prosecutor” ဇာတ်လမ်းတွဲသစ်
ပထမပိုင်းနဲ့တင် မြင့်မားတဲ့ rating ကို ရရှိသွားခဲ့တဲ့ D.O. ရဲ့ “Bad Prosecutor” ဇာတ်လမ်းတွဲသစ်
“Bad Prosecutor” Drama လေးကတော့ သူ့ရဲ့ ပထမဆုံးအပိုင်းအတွက် ထင်ထားတဲ့ပိုတဲ့ အားပေးမှုတွေကို ရရှိသွားခဲ့ပါတယ်။
Nielsen Korea အဆိုအရ KBS2 ရဲ့ “Bad Prosecutor” ဟာ အောက်တိုဘာလ ၅ ရက်နေ့မှာ စတင်ပြသခဲ့တဲ့တဲ့ ပထမ အပိုင်းဟာ ပျမ်းမျှ တစ်နိုင်ငံလုံး အဆင့်သတ်မှတ်မှု 4.3% ဖြင့် မှတ်တမ်းတင်ခဲ့ပြီး ဗုဒ္ဓဟူးနေ့မှ ကြာသပတေးနေ့အထိ ဇာတ်လမ်းတွဲများကြားမှာလည်း နံပါတ်တစ်နေရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“Bad Prosecutor” ကတော့ လိုအပ်သလို တရားမျှတမှုအတွက် တိုက်ပွဲဝင်မယ်ဆိုပြီး ယုံကြည်ထားတဲ့ ဆိုးသွမ်းတဲ့ အစိုးရရှေ့နေတစ်ဦးအကြောင်း ဖြစ်ပါတယ်။
EXO အဖွဲ့ဝင် D.O. ဟာ ဥပဒေအထက်မှာ ရှိနေဖို့ စည်းစိမ်နဲ့ အာဏာတွေကို အသုံးပြုသူများကို ဖြုတ်ချရန် ဆုံးဖြတ်ထားတဲ့ ကျော်ကြားသော ခပ်စိုးစိုး အစိုးရရှေ့နေ Jin Jung အဖြစ် သရုပ်ဆောင်ထားပါတယ်။
“Bad Prosecutor” နဲ့အတူ ထုတ်လွှင့်ပြသခဲ့တဲ့ ENA ဇာတ်လမ်းတွဲ “Love is for Suckers” ကတော့ တစ်နိုင်ငံလုံး အတိုင်းအတာ rating 0.8% သာ ရရှိခဲ့တာပါ။
ဒါ့အပြင် rating 4.3% အထိ ရရှိခဲ့တဲ့ D.O. ရဲ့ ဇာတ်လမ်းတွဲသစ်ဟာ tvN ရဲ့ “Love in Contract” rating 3.0% ကိုလည်း ကျော်တက်သွားနိုင်ခဲ့ပါတယ်။