ပရိသတ်အချစ်တော် Kim So Hyun နဲ့ Chae Jong Hyeop တို့ကို Drama သစ်မှာ တွဲဖက်မြင်တွေ့သွားရဖွယ်ရှိ

ပရိသတ်အချစ်တော် Kim So Hyun နဲ့ Chae Jong Hyeop တို့ကို Drama သစ်မှာ တွဲဖက်မြင်တွေ့သွားရဖွယ်ရှိ

ဒုတိယမင်းသားလေးတွေကိုမှ ကြိုက်နှစ်သက်တဲ့ ပရိသတ်တွေကို အသည်းခြွေသွားခဲ့တဲ့ “Nevertheless” ထဲက ကောင်ချောလေး Chae Jong Hyeop ကိုတော့ အချစ်ဇာတ်လမ်းတွဲသစ်မှာ အဓိကမင်းသားအဖြစ် မြင်တွေ့သွားရတော့မှာပါ။

သူနဲ့တွဲဖက်ဖို့အတွက်ကိုတော့ ပရိသတ်အချစ်တော် မင်းသမီးလေး Kim So Hyun က ပါဝင်သရုပ်ဆောင်ဖို့ အတည်ပြုထားခဲ့ပြီးပါပြီ။

မကြာသေးမီက Xportsnews ရဲ့ ဖော်ပြချက်အရ Chae Jong Hyeop ဟာ tvN ရဲ့ Drama အသစ် “Is It a Coincidence?” မှာ ပါဝင်ဖို့အတွက်  လောလောဆယ်မှာ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

မကြာမီထွက်ရှိမယ့် ဇာတ်လမ်းတွဲသစ်ဟာ အမည်တူသော မူရင်း webtoon ကို အခြေခံထားပြီး ၁၀ နှစ် အကြာမှာ အချစ်ဦးနဲ့ ပြန်လည်ဆုံတွေ့ပြီးနောက် အိပ်မက်တွေနဲ့ စစ်မှန်တဲ့ အချစ်ကို ရှာဖွေကြတဲ့ လူငယ်နှစ်ယောက်ရဲ့ ဇာတ်လမ်းကို သရုပ်ဖော်ထားတာပါ။

Kim So Hyun ဟာ သူမရဲ့ အရင်ဆက်ဆံရေးက နာကျင်ခဲ့ရတဲ့ အမှတ်တရတွေကြောင့် အချစ်ကိုကြောက်တဲ့ animation ထုတ်လုပ်သူ Lee Hong Joo အဖြစ် သရုပ်ဆောင်ဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

Chae Jong Hyeop ဟာ Hong Joo ရဲ့ ရင်ခုန်စရာအမှတ်တရတွေပိုင်ဆိုင်ထားတဲ့ Kang Hoo Young ဇာတ်ရုပ်အတွက် ကမ်းလှမ်းမှုကို လက်ခံရရှိထားပြီး Drama ရဲ့ နောက်ဆုံးမှာတော့ သူမနဲ့ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။

Chae Jong Hyeop နဲ့ Kim So Hyun တို့ကိုသာ စုံတွဲတွေအဖြစ် Drama ထဲမှာ တွဲဖက် မြင်တွေ့သွားရမယ်ဆိုရင်တော့ ဒီ Drama လေးဟာလည်း သူတို့နှစ်ယောက်ရဲ့ chemistry နဲ့အတူ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းကောင်းလေးဖြစ်လာမှာ အသေအချာပါပဲ။

Leave a Reply

Your email address will not be published. Required fields are marked *

x