Kim Tae Hee နောက်ကွယ်မှာ ဖောက်ပြန်နေခဲ့တယ်လို့ သတင်းထွက်လာတဲ့ Rain

ယခု သီတင်းပတ်အစောပိုင်းမှာ “Woman Sense” ကတော့ ကောလဟာလတစ်ခု ထုတ်ဖော်လိုက်ပါတယ်။ ဒီသတင်းကတော့ Rain ဟာ နာမည်ကျော် ဂေါက်ရိုက်မယ်တစ်ဦးနဲ့ Kim Tae Hee နောက်ကွယ်မှာ ဖောက်ပြန်နေခဲ့တယ်ဆိုတဲ့ သတင်းပါ။

အဆိုပါ အမျိုးသမီး ဂေါက်ရိုက် အားကစားသမားကတော့ Park Gyeol ဖြစ်တယ်လို့ သိရပြီး သူမဟာ Rain အဖြစ် နောက်ထပ် နာမည်ကျော် မင်းသား Jo Jung Suk နဲ့လည်း ဇာတ်လမ်းတွေရှိနေတယ်လို့ သတင်းရင်းမြစ်တွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် Rain ဟာ Park Gyeol နဲ့အတူ သီးခြားအိမ်ရှိနေတယ်လို့ သတင်းမှာ ဖော်ပြထားခဲ့ပြီး Kim Tae Hee ကလည်း ဒီဇာတ်လမ်းကို သိတာကြောင့် ခင်ပွန်းဖြစ်သူကို သတိပေးခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ဒါပေမယ့် သိပ်မကြာခင်မှာပဲ Rain နဲ့ Jo Jung Suk ရဲ့ အေဂျင်စီက “ကောလဟာလတွေဟာ မမှန်သလို ဥပဒေနဲ့အညီ အရေးယူသွားမှာပါ” လို့ ချက်ချင်းတုန့်ပြန်ထားခဲ့ပါတယ်။

တစ်ဖက်မှာလည်း ပြည်တွင်း မီဒီယာတွေက Rain နဲ့ Kim Tae Hee တို့ ခွာပြဲပြီလားဆိုတဲ့ သုံးသပ်ဆွေးနွေးချက်တွေနဲ့အတူ ဖော်ပြနေဆဲဖြစ်ပြီး အင်တာနက်တစ်ခွင်မှာလည်း ဒီအကြောင်းအရာဟာ လူပြောအများဆုံး ဖြစ်လို့နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *