ခင်ပွန်းသည်ရဲ့ ဖောက်ပြန်တဲ့သတင်းကို တုန့်ပြန်လာခဲ့တဲ့ Kim Tae Hee

ခင်ပွန်းသည်ရဲ့ ဖောက်ပြန်တဲ့သတင်းကို တုန့်ပြန်လာခဲ့တဲ့ Kim Tae Hee

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှာပဲ မင်းသမီး Kim Tae Hee ရဲ့ ခင်ပွန်းဖြစ်သူ Rain သည် ဂေါက်ရိုက်သမား Park Gyeol နဲ့ ဖောက်ပြန်နေကြောင်း ကောလဟာလတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းကို တုံ့ပြန်တဲ့အနေနဲ့ Kim Tae Hee ရဲ့ အထွေထွေမန်နေဂျာ Chosun Ilbo က ဖုန်းအင်တာဗျူးမှာ အခြေအမြစ်မရှိတဲ့ ကောလဟာလသာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

မင်းသမီးရဲ့ မန်နေဂျာက “ကျွန်တော်တို့အနေနဲ့ အခြေအမြစ်မရှိတာမလို့ ပြင်းပြင်းထန်ထန် ပယ်ချပါတယ်။ လုံးဝ မဟုတ်မှန်ပါဘူး။” လို့ ပြတ်ပြန်သားသား ငြင်းဆန်သွားခဲ့တာပါ။

အဆိုပါ စွပ်စွဲချက်များနဲ့ ပတ်သက်၍ Kim Tae Hee ရဲ့ တုံ့ပြန်မှုကိုလည်း ကုမ္ပဏီက “Kim Tae Hee က ဒီကောလာဟလကို ကြားရတာ ရယ်စရာကောင်းလွန်းတယ်လို့ ဆိုပြီး ဒေါသလည်း ထွက်ခဲ့ပါတယ်။”

“ခင်ပွန်းဖြစ်သူနဲ့ ချစ်ကျွမ်းဝင်တယ်လို့ ကောလာဟလတွေထွက်နေတဲ့ ဂေါက်ရိုက်သမားနဲ့လည်း အရင်ကတည်းက တစ်ယောက်နဲ့တစ်ယောက် မသိခဲ့ကြဖူးပါဘူး။” လို့ ထုတ်ဖော်သွားခဲ့ပါတယ်။

ဒါ့အပြင် အဆိုတော်-မင်းသား Rain နှင့် ဂေါက်ရိုက်သမား Park Gyeol တို့ကလည်း အဆိုပါစွပ်စွဲချက်တွေကို အသီးသီး ငြင်းဆိုထားကြသလို Rain ရဲ့ အေဂျင်စီကလည်း မဟုတ်မမှန် သတင်းဖြန့်သူ မည်သူကိုမဆို တရားစွဲဆိုသွားမယ်လို့ စာထုတ်ပြန်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x