နောက်ဆုံးသရုပ်ဆောင်ခဲ့ရတဲ့ အနမ်းဇာတ်ဝင်ခန်းအကြောင်း ပြောပြလာတဲ့ Song Joong Ki

နောက်ဆုံးသရုပ်ဆောင်ခဲ့ရတဲ့ အနမ်းဇာတ်ဝင်ခန်းအကြောင်း ပြောပြလာတဲ့ Song Joong Ki

နာမည်ကျော် မင်းသား Song Joong Ki ဟာ အမိုက်စား ဇာတ်လမ်းတွဲ “Vincenzo” နဲ့အတူ ယမန်နှစ်က ဟိုးလေးတကျော် ဖြစ်ခဲ့သလို APAN ရဲ့ Daesang ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။

မကြာသေးမီကလည်း မင်းသားက အဆိုပါ Drama ရဲ့ နောက်ဆုံးအပိုင်းက အနမ်းဇာတ်ဝင်ခန်းအကြောင်းကို ဆွေးနွေးခဲ့ပါသေးတယ်။

Song Joong Ki ရဲ့ အဆိုအရ အနမ်း ဇာတ်ဝင်ခန်းဟာ ဒီလောက်အထိ မိုက်သွားလိမ့်မယ်လို့ မထင်ထားခဲ့မိပါဘူးလို့ ဆိုပါတယ်။ “Vincenzo” ဇာတ်ကားမရိုက်ကူးမီတွင် သူဟာ အလုပ်များလွန်းခဲ့တာကြောင့် ဇာတ်ညွှန်းကို ကျေညက်ဖို့ အချိန်များစွာယူခဲ့ရတယ်လို့ ပြောပြထားပါတယ်။

ပထမတော့ “Vincenzo” ဟာ အဓိပ္ပါယ်မဲ့ ဟာသဇာတ်လမ်းလို့ သူထင်ခဲ့ကြောင်းနဲ့ နောက်ပိုင်းမှာတော့ စီးရီးရဲ့ လေးနက်ပုံအကြောင်း နားလည်လာပြီး ဝမ်းနည်းဖွယ် အချစ်ဇာတ်လမ်းဟာလည်း သူ့ကို ဆွဲဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

Song Joong Ki က “Yeo Bin နဲ့ အစမ်းလေ့ကျင့်ချိန်မှာ ခံစားခဲ့ရတာက ဒီမြင်ကွင်းက ဇာတ်ညွှန်းမှာ ဖော်ပြထားတဲ့ထက် ကျော်လွန်သွားခြင်းပါပဲ။ သူမနဲ့ အနမ်းရိုက်ကွင်းကို ရိုက်ကူးရတာက အချစ်ရေးနဲ့ လန်းဆန်းတဲ့ ခံစားချက်တွေရော အတွေ့အကြုံကောင်းတစ်ခုပါပဲ။” လို့ ပြောပြလာခဲ့ပါတယ်။

Song Joong Ki က “Vincenzo” ရဲ့ အမျိုးသမီး ဇာတ်ဆောင် Jeon Yeo Bin နဲ့ ရိုမန်တစ်ဆန်တဲ့ အနမ်းဇာတ်ကွက်တစ်ခုရဖို့ အရမ်းကြိုးစားခဲ့ရတယ်လို့ ပြောပြထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x