ပရိသတ်တွေအပေါ်မှာ ရိုင်းပျတဲ့အပြုအမူနဲ့ဆက်ဆံခဲ့တာကြောင့် အပြစ်တင်ဝေဖန်ခံနေရတဲ့ aespa အဖွဲ့ဝင် Ning Ning

aespa ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်သူ Ning Ning ဟာဆိုရင် လတ်တလောရက်ပိုင်းအတွင်း ထွက်ရှိလာတဲ့ဗီဒီယိုနဲ့ ပတ်သတ်ပြီး လက်ရှိမှာ အွန်လိုင်းအသုံးပြုသူပရိသတ်တွေရဲ့ ဝေဖန်အပြစ်တင်မှုတို့ကို ရရှိနေတာတွေ့ရပါတယ်။ အဲဒီဗီဒီယိုကတော့ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့ကို Paris Fashion Week အတွက် တက်ရောက်ဖို့ aespa အဖွဲ့ဝင်တွေ ရောက်ရှိလာစဉ်အချိန်တုန်းက ပရိသတ်တစ်ယောက်မှ ရိုက်ကူးထားတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။
ယင်းဗီဒီယိုထဲမှာဆိုရင် စောင့်ဆိုင်းနေကြတဲ့ ပရိသတ်တွေကိုကျော်ဖြတ်ပြီး အဆောက်အအုံတစ်ခုဆီကနေ ကားရှိရာဆီကို aespa အဖွဲ့ဝင်တွေသွားကြတဲ့အခါမှာ Ning Ning ရဲ့ဟန်ပန်အမူအရာနဲ့ မျက်နှာအနေအထားတို့က အလွန်အမင်းစိတ်မသက်မသာဖြစ်နေတာကို တွေ့ရပါတယ်။
ပရိသတ်တွေက သူမတို့တွေရဲ့ နာမည်ကိုအော်ဟစ်ကာ အသည်းအသန်နှုတ်ဆက်နေကြပေမယ့်လည်း ကားထဲဆီကိုရောက်တဲ့အချိန်မှာတော့ သူမရဲ့မျက်နှာအမူအရာက တခြားအဖွဲ့ဝင်တွေရဲ့ပုံစံနဲ့ကွာခြားစွာ သိသိသာသာပျက်ယွင်းသွားပြီး နှုတ်ဆက်နေတဲ့ပရိသတ်တွေကိုလည်း ပြန်လည်လက်ပြနှုတ်ဆက်ခြင်းမရှိဘဲ လျစ်လျူရှုလိုက်တာကို တွေ့ရပါတယ်။
ဘယ်လိုမျိုးအကြောင်းအရင်းတွေကြောင့် အခုလိုမျိုးမျက်နှာ အမူအရာက ပျက်ယွင်းသွားရတယ်ဆိုတာကို အတိအကျမသိရပေမယ့်လည်း အွန်လိုင်းအသုံးပြုသူတွေကတော့ ဒါဟာ ပရိသတ်တွေရဲ့အော်ဟစ်မှုတွေကို စိတ်ပျက်နေတဲ့ပုံစံဖြစ်နိုင်ကြောင်း၊ လူသိများတဲ့အနုပညာရှင်တစ်ယောက်အနေနဲ့ အခုလိုဖြစ်တာက ပရိသတ်တွေအပေါ်မှာ ရိုင်းပျတဲ့အမူအရာဖြစ်ကြောင်းဆိုကာ ဝေဖန်မှတ်ချက်ပြုမှုတွေ အမျိုးမျိုးပေးထားကြပြီး အပြစ်တင်ပြောဆိုမှုတွေလည်း ပြုထားကြပါတယ်။
ဒါပေမယ့် တစ်ဖက်မှာလည်း aespa ရဲ့ပရိသတ်တွေအပါအဝင် တခြားသောအွန်လိုင်းအသုံးပြုသူတချို့က Ning Ning ဟာလည်း လူတွေထဲကလူတစ်ယောက်ဖြစ်တဲ့အတွက် စိတ်ပင်ပန်းလူပင်ပန်းဖြစ်လာတဲ့အခါမှာ မျက်နှာအမူအရာပျက်ယွင်းနိုင်ကြောင်း၊ ကုမ္ပဏီ ဒါမှမဟုတ် ကိုယ်ရေးကိုယ်တာကိစ္စတစ်ခုခုနဲ့ အဆင်မပြေတာလည်း ဖြစ်နိုင်ကြောင်းဆိုကာ Ning Ning ဘက်ကနေ ကာကွယ်ပြောပေးထားကြပါတယ်။
Ref : GStarLive
Nemo