Instagram မှာ ချစ်သူ Sooyoung ကို မတော်တဆ Unfollow လုပ်မိခဲ့တာနဲ့ပတ်သတ်ပြီး ပရိသတ်တွေကို စိုးရိမ်စိတ်ဖြစ်ပေါ်စေခဲ့တဲ့ Jung Kyung Ho

လတ်တလောရက်ပိုင်းအတွင်း နိုင်ငံတကာမှ ကိုရီးယားအနုပညာကြိုက်ပရိသတ်တွေအကြားမှာ ဟစ်ဖြစ်သွားခဲ့တဲ့သတင်းတစ်ခုကတော့ မင်းသား Jung Kyung Ho တစ်ယောက် သူ့ရဲ့ချစ်သူမိန်းကလေးဖြစ်တဲ့ Girls’ Generation အဖွဲ့ဝင် Sooyoung ကို Instagram မှာ Unfollow လုပ်ခဲ့တယ်ဆိုတာပါပဲ။
ဒီအကြောင်းအရာကို ပရိသတ်တွေက အခု အောက်တိုဘာလ ၆ ရက်နေ့မှာ သတိထားမိခဲ့ကြတာဖြစ်ပြီး ဒါနဲ့ပတ်သတ်လို့လည်း Jung Kyung Ho နဲ့ Sooyoung တို့ရဲ့ဆက်ဆံရေးမှာ ပြသနာတစ်စုံတစ်ရာရှိနေသလားဆိုတဲ့ စိုးရိမ်စိတ်တွေ၊ သံသယမေးခွန်းတွေ ဖြစ်ပေါ်လာခဲ့ကြပါတယ်။
ဒါပေမယ့် အောက်တိုဘာလ ၇ ရက်နေ့ မနက်မှာတော့ ပြန်ပြီး Follow လုပ်ထားတာကိုတွေ့လိုက်ရတာကြောင့် ဒါဟာ Jung Kyung Ho အနေနဲ့ မတော်တဆ Follow Button ကိုမှားယွင်းထိမိတာဖြစ်နိုင်တယ်လို့ဆိုကာ ပရိသတ်တွေက ယုံကြည်ယူဆခဲ့ကြပါတော့တယ်။
ဘုရားကျောင်းအတူတက်ခဲ့ကြသလို တက္ကသိုလ်မှာလည်း ကျောင်းနေဘက်တွေဖြစ်ခဲ့ကြတဲ့ Jung Kyung Ho နဲ့ Sooyoung တို့ဟာဆိုရင် သူတို့နှစ်ဦးချစ်ကြိုက်နေပြီဆိုတာကို ၂၀၁၄ ခုနှစ် ဇန်နဝါရီလမှာ တရားဝင်အသိပေးခဲ့ကြတာဖြစ်ပြီး သူတို့ရဲ့ ချစ်သူသက်တမ်းကတော့ အခုဆို ဆယ်စုနှစ်တစ်စုမျှ ကြာမြင့်လို့နေပြီဖြစ်ပါတယ်။
Ref : GStarLive
Nemo