အောက်တိုလာလအတွက် ရေပန်းအစားဆုံး K-Pop မိန်းကလေးအဖွဲ့များ

အောက်တိုလာလအတွက် ရေပန်းအစားဆုံး K-Pop မိန်းကလေးအဖွဲ့များ

Korea Institute of Corporate Reputation ဟာ အောက်တိုဘာလ တစ်လတာအတွက် မိန်းကလေးအဖွဲ့များရဲ့ အမှတ်တံဆိပ်တန်ဖိုး အဆင့်သတ်မှတ်ချက်များကို ထုတ်ပြန်ခဲ့ပါပြီ။

Korea Institute of Corporate Reputation ရဲ့ အောက်တိုဘာလအတွက် ကြီးကြီးမားမား ဒေတာခွဲခြမ်းစိတ်ဖြာမှုများအရ BLACKPINK ဟာ အဖွဲ့အမှတ်တံဆိပ် တန်ဖိုးအတွက် ပထမအဆင့်၊ နောက်မှာတော့ Girls’ Generation  က ဒုတိယနဲ့ IVE  တို့က တတိယအဖြစ် ရပ်တည်ထားနိုင်ခဲ့ကြပါတယ်။

BLACKPINK ဟာ အမှတ်တံဆိပ်တန်ဖိုး အညွှန်းကိန်း 7,170,250 ဖြင့် ဇယားထိပ်မှာ ဆက်လက်ရပ်တည်နေခဲ့ပြီး စက်တင်ဘာလက သူတို့ရဲ့ အညွှန်းကိန်း 14.6% အထိ တက်သွားခဲ့ပါတယ်။

ဒုတိယနေရာမှာတော့ အညွှန်းကိန်း 4,267,366 ရရှိခဲ့တဲ့ Girls’ Generation က စက်တင်ဘာလကထက် 25.4% ကျဆင်းခဲ့သော်လည်း သူတို့အား ဒုတိယနေရာသို့ ပြန်လည်တက်လှမ်းနိုင်လောက်အောင် အားကောင်းနေဆဲဖြစ်ပါတယ်။

တတိယနေရာမှာတော့ IVE က အညွှန်းကိန်း 4,143,670 နဲ့အတူ ရှိနေခဲ့ပြီး စက်တင်ဘာလက သူတို့ရဲ့ အညွှန်းကိန်းထက် 32.6% ကျဆင်းသွားခဲ့ပါတယ်။

ဒါကြောင့် BLACKPINK ကတော့ အောက်တိုဘာလမှာလည်း ရေပန်းအစားဆုံး မိန်းကလေးအဖွဲ့အဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သလို Girls’ Generation ကလည်း သူတို့ရဲ့ ရေပန်းစားမှုတွေကို ဆက်လက်ပြသထားခဲ့ပြီး IVE ကလည်း 4th Gen ဖြစ်ပေမဲ့ အတော်လေး ရေပန်းစားတဲ့ မိန်းကလေးအဖွဲ့ဆိုတာ သက်သေပြထားနိုင်ခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x