မိသားစုအတွက် ဘတ်ငွေ ၁၀ သန်းအထိ အသုံးပြုပြီး ဇိမ်ခံအိမ်တွေဝယ်ခဲ့ကြတဲ့ ထိုင်းအနုပညာရှင်များ

မိသားစုအတွက် ဘတ်ငွေ ၁၀ သန်းအထိ အသုံးပြုပြီး ဇိမ်ခံအိမ်တွေဝယ်ခဲ့ကြတဲ့ ထိုင်းအနုပညာရှင်များ

ဒီဘက်ခေတ်ကြီးမှာ အိမ်တစ်လုံးဝယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့် ဇိမ်ခံအိမ်တွေ၊ ကျယ်ဝန်းတဲ့ ခြံဝန်းတွေဟာ တန်ကြေးအားဖြင့် သန်းပေါင်းများစွာနဲ့ ကုန်ကျလို့နေတာပါ။

ဒါပေမဲ့လည်း ထိုင်းအနုပညာအသိုင်းအဝန်းမှာ ဘတ်ငွေ ၁၀ သန်းကျော်အထိ မိသားစုအတွက် ငွေကြေးစုဆောင်းပြီး အိမ်ဝယ်ပေးခဲ့ကြတဲ့ အနုပညာရှင်တွေကို ဖော်ပြပေးသွားချင်ပါတယ်။

1. Alek Teeradeth

အသက် ၃၂ နှစ်အရွယ် Alek က Channel 3 ရဲ့ မင်းသားတစ်ဦးဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ ၈ နှစ် ကျော်ကြာ သရုပ်ဆောင်ခဲ့သူပါ။ အလုပ်ကြိုးစားမှုတွေနဲ့ အောင်မြင်မှုတွေကြောင့် သူ့မိသားစုအတွက် အိမ်တစ်လုံးကို ဘတ် ၁၀ သန်းနဲ့ ဝယ်ယူနိုင်ခဲ့ပါတယ်။

2. Bella Ranee

(၁၀) နှစ် ကျော်ကြာ သရုပ်ဆောင်ခဲ့တဲ့ Channel 3 ရဲ့ ထိပ်တန်း မင်းသမီးတစ်ဦးဖြစ်တဲ့ Bella ဟာ “Love Destiny” ကို ရိုက်ကူးအပြီး သူမရဲ့ မိသားစုအတွက် အိမ်တစ်လုံးကို ဘတ် ၁၀ သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။

3. Mint Chalida

Mint Chalida က Channel 3 ရဲ့ ဝါရင့် မင်းသမီးတစ်ဦးဖြစ်ပြီး ၂၀၀၆ ခုနှစ်ကတည်းက အနုပညာလောကသို့ ဝင်ရောက်လာပြီး ဆုပေါင်းများစွာကို ရရှိထားသူပါ။ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီးနောက် Mint ဟာ သူ့မိသားစုအတွက် အိမ်ကြီးတစ်လုံးဝယ်ရန် ဘတ်ငွေ သန်း ၂၀ ကျော် သုံးစွဲခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x