အသက် ၅ နှစ်ပဲရှိသေးပေမဲ့ တစ်ကမ္ဘာလုံးအနှံ့ ရေပန်းစားခဲ့ပြီးဖြစ်တဲ့ ကလေးမလေး

အသက် ၅ နှစ်ပဲရှိသေးပေမဲ့ တစ်ကမ္ဘာလုံးအနှံ့ ရေပန်းစားခဲ့ပြီးဖြစ်တဲ့ ကလေးမလေး

ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့ ပရိသတ်တွေကတော့ ရယ်စရာကောင်းတဲ့ meme တွေ အများကြီး ဖန်တီးနိုင်ခဲ့တဲ့ ဒီချစ်စရာကောင်းတဲ့ ကလေးမလေးကို မြင်ဖူးကြမှာပါ။

ဒါပေမယ့် ဒီကလေးမလေးဟာ တကယ်တော့ အသက် ၅ နှစ်အရွယ်သာ ရှိသေးပြီး Jin Miran လို့ အမည်တွင်တဲ့ ကိုရီးယားလူမျိုးလေးဖြစ်ကာ သူမရဲ့ အံ့အားသင့်ဖွယ်ရာ ကျော်ကြားမှုတွေကတော့ မယုံနိုင်လောက်အောင်ပါပဲ။

တကယ်တော့ Miran လေးဟာ အသက် ၂ နှစ် အရွယ်လောက်မှာကတည်းက သူမရဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကြောင့် မိဘတွေရဲ့ IG မှာ မကြာခဏဆိုသလို ပေါ်လာလေ့ရှိပြီး ၂၀၁၉ ခုနှစ်မှာတော့ နာမည်ကြီးလာခဲ့ပါတယ်။

သူ့ရဲ့ချစ်စဖွယ် မျက်နှာအမူအရာနဲ့ ပုံစံတွေအားလုံးကို လူအများက ဟာသလုပ်ဖို့အတွက် meme အဖြစ် အသုံးပြုခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာလည်း ဒီကလေးမလေးရဲ့ ရုပ်ပုံတွေကို comment တွေမှာ ခံစားချက်တွေကို ဖော်ပြတဲ့အနေနဲ့ meme အဖြစ် အသုံးပြုနေကြတာကို တွေ့ရပါတယ်။

ယခုအချိန်မှာတော့ Miran လေးဟာ အသက် ၅ နှစ်အရွယ် ရောက်ပြီဖြစ်ကာ အစားအသောက်၊ အသုံးအဆောင်များအပြင် အဝတ်အစားများအတွက် ကလေး မော်ဒယ်တစ်ဦး ဖြစ်လာခဲ့ပြီး သူမကြော်ငြာတွေက ပစ္စည်းတွေကလည်း တစ်ခုမကျန် ရောင်းထွက်နေခဲ့ပါတယ်။

ဒါကြောင့် Miran လေးဟာ ကမ္ဘာ့လူထုအတွက်တော့ အချစ်ခံလေး၊ meme ရုပ်လေးနဲ့ စိတ်အမောပြေရာလေး ဖြစ်သလို အားလုံးကလည်း ဒီကလေးမလေးကို နာမည်ကျော်ကြားလာဖို့ မျှော်လင့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x