နာမည်ရဲ့နောက်ကွယ်က လေးနက်တဲ့အဓိပ္ပာယ်တချို့ကို ဝေမျှသွားခဲ့တဲ့ Kao Supassara

မင်းသမီးချောလေး Kao Supassara ကတော့ သူမရဲ့ သရုပ်ဆောင်စွမ်းရည်နဲ့ အလှတရားတွေကြောင့် ပရိသတ်တွေရဲ့ အချစ်တွေကို ရရှိနေတာပဲဖြစ်ပါတယ်။

လတ်တလောမှာကတော့ Kao က သူမရဲ့ နာမည်နဲ့ ပတ်သက်ပြီးတော့ ဒီနာမည်က သူမအတွက် တကယ်ကို အဓိပ္ပာယ်ရှိတယ်ဆိုတာနဲ့ နာမည်နောက်ကွယ်က စိတ်ဝင်စားစရာကောင်းတဲ့ အချက်ကို လူတချို့က မသိကြသေးကြောင်း ဝေမျှလို့လာခဲ့ပါတယ်။

Kao ရဲ့ အဆိုအရ ထိုင်းလို “kao” ဆိုတဲ့ နာမည်က နံပါတ် 9 လို့ အဓိပ္ပာယ်ရပြီး သူမရဲ့ မိဘတွေက သူ့ကို 29 ရက်နေ့မှာ မွေးဖွားပြီး ကိုယ်အလေးချိန် 2.99 ကီလိုဂရမ်ရှိတာကြောင့် နံပါတ် 9 ဟာ မင်းသမီးချောကို ကောင်းချီးပေးခဲ့တယ်လို့ မိခင်က ယူဆခဲ့တယ်လို့ သိရပါတယ်။

ဒီအချက်ကလည်း Kao ကို လူအများနဲ့ ကွဲပြားသွားစေတာပြီး သူမရဲ့ အမေက သူ့အချစ်ဆုံးသမီးကို နံပါတ် 9 ကို အစွဲပြုရင်း Kao လို့ နာမည်ပေးခဲ့တာဖြစ်ကြောင့် ပရိသတ်တွေကို စိတ်ဝင်တစား ဖြစ်သွားစေခဲ့ပါတယ်။

ဒီအချက်ကို သိပြီးနောက် ပရိသတ်တွေကလည်း လှပထူးခြားတဲ့ မင်းသမီးလေးရဲ့ နာမည်ကို တွေးခေါ်ခဲ့ပုံနဲ့ မွေးဂဏန်း အယူအဆများကိုပင် တန်ဖိုးထားပြီး နာမည်မှည့်တွင်စေခဲ့ Kao ရဲ့ မိခင်ကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x