မောင်လေးရဲ့မမလုပ်ရင်း ပရိသတ်တွေကို ဖမ်းစားခဲ့ကြတဲ့ ထိုင်း ဝါရင့်မင်းသမီးချောများ

မောင်လေးရဲ့မမလုပ်ရင်း ပရိသတ်တွေကို ဖမ်းစားခဲ့ကြတဲ့ ထိုင်း ဝါရင့်မင်းသမီးချောများ

ဖျော်ဖြေရေးနယ်ပယ်မှာ ဒါရိုက်တာတွေနဲ့ စာရေးဆရာတွေက ပရိသတ်တွေကို အရသာအသစ်တွေ ပေးစွမ်းနိုင်ဖို့ အမြဲတမ်းကြိုးစားနေကြပါတယ်။ ထိုင်းဒရာမာနဲ့ ရုပ်ရှင်တွေမှာလည်း “မနဲ့မောင်” အချစ်ဇာတ်လမ်းဟာ ခေတ်စားနေတာ ကြာခဲ့ပါပြီ။

အဲဒီအထဲမှာမှ သူတို့ဟာ ဝါရင့်မင်းသမီးတွေနဲ့ ငယ်ရွယ်ချောမောတဲ့ မင်းသားတွေကို အတွဲလိုက် အူယားစဖွယ် မြင်တွေ့ခဲ့ကြရပြီး ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ကြတဲ့ မင်းသမီးတွေကို ဖော်ပြပေးသွားချင်ပါတယ်။

Anne Thongprasom

ဝါရင့်မင်းသမီး Anne Thongprasom ဟာ “Are We Alright?” မှာ မင်းသား James Jirayu နဲ့ တွဲဖက် သရုပ်ဆောင်ထားခဲ့ပါတယ်။

Nune Woranuch

မင်းသမီး Nune Woranuch ဟာ “Revenge of the Fallen” မှာ မင်းသား Joss နဲ့အတူ ပါဝင် သရုပ်ဆောင်ထားခဲ့ပါတယ်။

Aff Taksaorn

“Please Be Born Again” မှာတော့ မင်းသားချော Tor Thanapob ကို စီနီယာ မင်းသမီး Aff Taksaorn နဲ့ တွဲဖက် မြင်တွေ့ခဲ့ရပါတယ်။

Aum Patchrapa

“Star Wind” ဇာတ်လမ်းတွဲမှာလည်း မင်းသားချောလေး Kem Hassawee နဲ့အတူ စီနီယာ မင်းသမီး Aum Patchrapa က စုံတွဲတွေအဖြစ် ပရိသတ်တွေကို ဖမ်းစားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x