မကြာမီမှာ ကြည့်ရှုသွားရတော့မယ့် Lee Byung Hun နဲ့ Yoo Ah In တို့ရဲ့ ဇာတ်ကားသစ်

အဓိက သရုပ်ဆောင်များအဖြစ် Lee Byung Hun နဲ့ Yoo Ah-in တို့လို ထိပ်တန်းမင်းသားတွေက ဒဏ္ဍာရီလာ Go ကစားသမားတွေအဖြစ် ပါဝင်ထားကြတဲ့ “The Match” ဇာတ်ကားဟာ Netflix ရုပ်ရှင်အဖြစ် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရုပ်ရှင်လုပ်ငန်းရဲ့ အဆိုအရ Netflix နဲ့ ” The Match” တို့ဟာ Netflix ရုပ်ရှင်အဖြစ် “The Match” ကို ထုတ်ဝေရန် သဘောတူခဲ့ပြီးညှိနှိုင်းမှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

“The Match” ဟာ သူ့ရဲ့တပည့်နဲ့ မလွှဲမရှောင်သာ ယှဉ်ပြိုင်ရမယ့် Go ဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ 9-dan ပရော်ဖက်ရှင်နယ် Go ကစားသမား Cho Hun Hyun နဲ့ Lee Chang Ho တို့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြိုင်ဘက်ဖြစ်လာရန် ရွေးချယ်စရာမရှိတဲ့ ဆရာနဲ့ တပည့်တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။

Lee Byung Hun ကတော့ Go ကစားသမားနဲ့ Yoo Ah In ရဲ့ ဆရာ Cho Hun Hyun အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး Yoo Ah In ကတော့ Lee Byung Hun ဆီမှာ ပညာသင်ယူပြီး ဆရာနဲ့ ယှဥ်ပြိုင်သွားရမယ့် Go ကစားသမား Lee Chang Ho အဖြစ် သရုပ်ဆောင်သွားရမှာပါ။

Lee Byung Hun နဲ့ Yoo Ah In တို့ဟာ ရုပ်ရှင်နယ်ပယ်အတွင်းရော Drama နယ်ပယ်အတွင်းမှာပါ အနုပညာကြေး မြောက်များစွာ ပေးချေထားရတဲ့ ထိပ်တန်း မင်းသားနှစ်ယောက်ဖြစ်နေလို့ သူတို့နှစ်ယောက်ရဲ့ ဆရာ-တပည့် အားပြိုင်မှုကို ကြည့်ရှုသွားရမယ့် “The Match” ဇာတ်ကားဟာလည်း စောင့်မျှော်နေသူတွေ များပြားနေပါတယ်။

မကြာမီမှာ ကြည့်ရှုသွားရတော့မယ့် Lee Byung Hun နဲ့ Yoo Ah In တို့ရဲ့ ဇာတ်ကားသစ်

အဓိက သရုပ်ဆောင်များအဖြစ် Lee Byung Hun နဲ့ Yoo Ah-in တို့လို ထိပ်တန်းမင်းသားတွေက ဒဏ္ဍာရီလာ Go ကစားသမားတွေအဖြစ် ပါဝင်ထားကြတဲ့ “The Match” ဇာတ်ကားဟာ Netflix ရုပ်ရှင်အဖြစ် ထွက်ရှိလာတော့မှာဖြစ်ပါတယ်။

အောက်တိုဘာလ ၁၁ ရက်နေ့မှာ ရုပ်ရှင်လုပ်ငန်းရဲ့ အဆိုအရ Netflix နဲ့ ” The Match” တို့ဟာ Netflix ရုပ်ရှင်အဖြစ် “The Match” ကို ထုတ်ဝေရန် သဘောတူခဲ့ပြီးညှိနှိုင်းမှုရဲ့ နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီလို့ သိရပါတယ်။

“The Match” ဟာ သူ့ရဲ့တပည့်နဲ့ မလွှဲမရှောင်သာ ယှဉ်ပြိုင်ရမယ့် Go ဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ 9-dan ပရော်ဖက်ရှင်နယ် Go ကစားသမား Cho Hun Hyun နဲ့ Lee Chang Ho တို့ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြိုင်ဘက်ဖြစ်လာရန် ရွေးချယ်စရာမရှိတဲ့ ဆရာနဲ့ တပည့်တို့ရဲ့ ဇာတ်လမ်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။

Lee Byung Hun ကတော့ ပရို Go ကစားသမားနဲ့ Yoo Ah In ရဲ့ ဆရာ Cho Hun Hyun အဖြစ် သရုပ်ဆောင်ရမှာဖြစ်ပြီး Yoo Ah In ကတော့ Lee Byung Hun ဆီမှာ ပညာသင်ယူပြီး ဆရာနဲ့ ယှဥ်ပြိုင်သွားရမယ့် Go ကစားသမား Lee Chang Ho အဖြစ် သရုပ်ဆောင်သွားရမှာပါ။

Lee Byung Hun နဲ့ Yoo Ah In တို့ဟာ ရုပ်ရှင်နယ်ပယ်အတွင်းရော Drama နယ်ပယ်အတွင်းမှာပါ အနုပညာကြေး မြောက်များစွာ ပေးချေထားရတဲ့ ထိပ်တန်း မင်းသားနှစ်ယောက်ဖြစ်နေလို့ သူတို့နှစ်ယောက်ရဲ့ ဆရာ-တပည့် အားပြိုင်မှုကို ကြည့်ရှုသွားရမယ့် “The Match” ဇာတ်ကားဟာလည်း စောင့်မျှော်နေသူတွေ များပြားနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x