လာမယ့် ဒီဇင်ဘာလမှာ Fan Meeting ပြုလုပ်သွားဖို့ရှိတဲ့ Kim Seon Ho

ပျိုတိုင်းကြိုက်နှင်းဆီခိုင် မင်းသားတစ်လက်ဖြစ်တဲ့ Kim Seon Ho ဟာဆိုရင် မကြာခင်အချိန်လပိုင်းအတွင်းမှာ သူ့ရဲ့ ပထမဆုံး Fan Meeting ကို တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်သွားတော့မှာဖြစ်ပါတယ်။

ဒီသတင်းအကြောင်းကိုတော့ Kim Seon Ho ရဲ့ အေဂျင်စီဖြစ်တဲ့ SALT Entertainment ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက အင်စတာဂရမ်စာမျက်နှာမှတစ်ဆင့် အတည်ပြုကြေညာပေးခဲ့တာဖြစ်ပြီး Fan Meeting ကျင်းပမယ့်ရက်က ဒီဇင်ဘာလ ၁၀ ရက်နေ့ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Kim Seon Ho က လက်ရှိအချိန်မှာ လာမယ့်နှစ်ရဲ့ Season Greetings အတွက် ရိုက်ကူးရေးတွေပြုလုပ်နေကြောင်းကိုလည်း အဆိုပါအင်စတာဂရမ်ပို့စ်ကနေ တစ်ပါတည်းအသိပေးသွားခဲ့တာကိုတွေ့ရပါတယ်။

Kim Seon Ho ဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရည်းစားဟောင်းဖြစ်သူဆီကနေ တစ်ဖက်သတ်စွပ်စွဲမှုတွေခံခဲ့ရပြီးနောက် ရိုက်ကူးရေးတွေကို ရပ်နားထားခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့မြင်ကွင်းကနေလည်း အချိန်တစ်ခုကြာမျှ ပျောက်ကွယ်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်နှစ်နီးပါးအကြာမှာတော့ ပရိသတ်တွေရဲ့ မြင်ကွင်းအရှေ့ကို တဖြည်းဖြည်းပြန်လည်ရောက်ရှိလာခဲ့ပြီး အခုဆိုရင် ပရိသတ်တွေက သူ့ကို ဇာတ်လမ်းတွဲအသစ်နဲ့ ထပ်မံမြင်တွေ့ရဖို့အတွက် မျှော်လင့်လျက်ရှိနေကြပါတယ်။

Ref : GStarLive
Nemo

Leave a Reply

Your email address will not be published. Required fields are marked *

x