တစ်ပတ်မှာ သုံးရက်ပြသသွားမယ့် Song Joong Ki ရဲ့ ဇာတ်လမ်းတွဲအသစ် ‘The Chaebol’s Youngest Son’

မရိုက်ကူးခင်အချိန်ကတည်းက ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကို အခိုင်အမာရရှိထားခဲ့တဲ့ ‘The Chaebol’s Youngest Son’ ရဲ့ ပထမဆုံး Official Poster ကိုတော့ အောက်တိုဘာလ ၁၂ ရက်နေ့ ဒီနေ့မှာ JTBC မှာ ထုတ်ဖော်ချပြလိုက်ပြီဖြစ်ပါတယ်။
ယင်းပိုစတာထဲမှာဆိုရင် မိသားစုဓာတ်ပုံကို ရယ်ပြုံးပြီးရိုက်ကူးနေပေမယ့် ခက်ထန်မှုတွေရှိနေတဲ့ လူကုံထံအသိုင်းအဝိုင်းမှ မိသားစုကြီးကိုတွေ့မြင်ရမှာဖြစ်ပြီး
Song Joong Ki ရဲ့ပုံကတော့ တစ်နေရာမှဖြဲဆုပ်ကာ အဆိုပါမိသားစုပုံထဲထည့်ထားတဲ့ အသွင်သဏ္ဍာန်မျိုးနဲ့တွေ့ရတာ ဖြစ်ပါတယ်။
Song Joong Ki က ဒီဇာတ်ကားထဲမှာ ယင်းလူကုံထံမိသားစုပိုင်ဆိုင်တဲ့ Soonyang အဖွဲ့အစည်းကြီးမှာ ၁၀ နှစ်ကျော်မျှ သစ္စာရှိရှိ အလုပ်လုပ်ပေးခဲ့ပေမယ့်လည်း အသတ်ခံလိုက်ရတာကြောင့် အငယ်ဆုံးသား Jin Do Joon အဖြစ်ပြန်ရောက်လာခဲ့ပြီး လက်စားချေတဲ့ အတွင်းရေးမှူး Yoon Hyun Woo ဇာတ်ကောင်နေရာကနေ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။
JTBC ရဲ့ထုတ်ပြန်ကြေညာချက်အရဆိုရင် အဆိုပါဇာတ်လမ်းတွဲကြီးကို နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ စတင်လို့ တစ်ပတ်မှာ သုံးရက်ပြသသွားမှာဖြစ်ပြီး ထုတ်လွှင့်မယ့်ရက်တွေကတော့ အပတ်စဉ် သောကြာ၊ စနေ၊ တနင်္ဂနွေဖြစ်တယ်လို့ သိရပါတယ်။
Ref : GStarLive
Nemo