Pinky ရဲ့ အရှုပ်တော်ပုံကြောင့် ထုတ်လွှင့်ပြသဖို့ ကြန့်ကြာသွားဖွယ်ရှိတဲ့ Yaya နဲ့ Nadech တို့ရဲ့ ဇာတ်လမ်းတွဲသစ်

Pinky ရဲ့ အရှုပ်တော်ပုံကြောင့် ထုတ်လွှင့်ပြသဖို့ ကြန့်ကြာသွားဖွယ်ရှိတဲ့ Yaya နဲ့ Nadech တို့ရဲ့ ဇာတ်လမ်းတွဲသစ်

မကြာမီကာလအတွင်းမှာပဲ Thai Channel 3 ရဲ့ နာမည်ကျော်တွေဖြစ်ကြတဲ့ မင်းသား Nadech kugimiya နဲ့ မင်းသမီး Yaya Urassaya တို့ရဲ့ ဒရာမာဇာတ်လမ်းတွဲသစ် “Lai Kinree” ကို ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။

ထိပ်တန်း သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ Nadech နဲ့ Yaya တို့ရဲ့ ပါဝင်မှုအပြင် မင်းသမီး Pinky Savika ကလည်း ဒီဇာတ်လမ်းတွဲမှာ ပါဝင်အားဖြည့်ထားခဲ့တာပါ။

ကံမကောင်းစွာဖြင့် Pinky ဟာ လက်ရှိမှာ အရှုပ်တော်ပုံတစ်ခုမှာ ပါဝင်ပတ်သတ်နေပြီး Forex – 3D လိမ်လည်မှု ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမေးမြန်းမှုနဲ့ ရင်ဆိုင်နေရပါတယ်။

Pinky ကြောင့် Nadech နဲ့ Yaya တို့ရဲ့ ပရိတ်သတ်တော်တော်များများက သူတို့အခတစ်တော် စုံတွဲလေးရဲ့နာမည်ကျော်ကြားမှုကို ထိခိုက်စေမှာကို စိုးရွံ့နေကြတယ်လို့ ထင်မြင်ချက်ပေးခဲ့ကြပါသေးတယ်။

ဘာကြောင့်လဲဆိုတော့ Pinky ရဲ့ ပြဿနာဟာ အခုချိန်ထိ အဖြေမပေါ်သေးသလို မင်းသမီးမှာ အပြစ်မရှိကြောင်းလည်း သက်သေပြဖို့အတွက် ရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်သွားဖို့ ရှိနေသေးတာပါ။

ဒါတွေနဲ့ စပ်လျဥ်းပြီး TV 3 ကတော့ ဘာမှ တုန့်ပြန်ထားခြင်း မရှိပေမဲ့ ပရိသတ်တွေ အမြောက်အများရဲ့ တောင်းဆိုမှုကြောင့် ဇာတ်လမ်းတွဲ ထုတ်လွှင့်ချိန်ကို နောက်ဆုတ်သွားရဖွယ်ရှိနေတယ်လို့ ပြည်တွင်းသတင်းတွေက ဖော်ပြထားခဲ့ပါတယ်။

တစ်ဖက်မှာလည်း Pink ရဲ့ နေရာကို လူစားထိုးပြီး ရိုက်ကူးမှုတွေ ပြုလုပ်သွားမယ်လို့ ခန့်မှန်းချက်တွေရှိနေပေမဲ့ ဒီဇာတ်လမ်းတွဲရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Yaya ကတော့ “ ဒီဇာတ်လမ်းကို Pinky က အကောင်းဆုံး သရုပ်ဆောင်ထားတာဆိုတော့ ဒါရိုက်တာက သူ့နေရာကို မပြောင်းလောက်ဘူးလို့ ယုံကြည်ပါတယ်။ ကျွန်မတို့အတွက်တော့ ပြဿနာမရှိပါဘူး” လို့ ဆိုသွားခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x