ယောက်ျားကောင်းပီသတဲ့ အပြုအမူလေးကြောင့် ချီးမွမ်းခံနေရတဲ့ Song Kang
ယောက်ျားကောင်းပီသတဲ့ အပြုအမူလေးကြောင့် ချီးမွမ်းခံနေရတဲ့ Song Kang
ယမန်နှစ်က JTBC မှာ ထုတ်လွှင့်ခဲ့တဲ့ “Nevertheless” မှာတော့ ပရိသတ်အများစုကို အရည်ပျော်စေခဲ့တဲ့ မင်းသားချော Song Kang ဟာ ဇာတ်လမ်းတွဲအပြီးမှာတော့ သူ့ရဲ့ကျော်ကြားမှု အရှိန်အဝါတွေကို နောက်ထပ်တစ်ဆင့် တက်လှမ်းနိုင်ခဲ့ပါတယ်။
“Nevertheless” မှာ Song Kang က မင်းသမီး Han So Hee နဲ့ အတူ သရုပ်ဆောင်ခဲ့ရင်း ပရိသတ်တွေက သူ့ကို “Butterfly Hunter” လို့ နာမည်ပြောင်ပေးတဲ့အထိ အဲဒီဇာတ်လမ်းမှာ သူဟာ ခပ်ရှုပ်ရှုပ် playboy ကောင်လေးတစ်ယောက်ရဲ့ ဇာတ်ရုပ်ကို အကောင်းဆုံး ပုံဖော်ထားနိုင်ခဲ့ပါတယ်။
မကြာသေးမီက လေယာဉ်မယ်တစ်ဦးဟာ မင်းသားနဲ့အတူ ဓာတ်ပုံတွဲရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို တင်ထားတာကြောင့် ကမ္ဘာတ၀ှမ်းနီးပါးက ပရိသတ်တွေက သူမကို မနာလိုဖြစ်နေခဲ့ကြပြီး သူတို့နှစ်ယောက်လုံးဟာလည်း အရမ်းရင်းနှီးနေကြတဲ့ပုံ ပေါ်လွင်နေပါတယ်။
မင်းသားက သူ့ရဲ့ ပရိတ်သတ်တစ်ယောက်ရဲ့ ပခုံးပေါ် လက်တင်ထားရင်း ဓာတ်ပုံရိုက်ကူးခံခဲ့ပါတယ်။ ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ ဝေမျှပြီးနောက်မှာတော့ Song Kang နဲ့ ဓာတ်ပုံတွဲရိုက်ထားတဲ့ ပိုင်ရှင်က “Saranghaeyo Oppa” ဆိုပြီး caption ကို ရေးသားထားခဲ့ပါတယ်။
ဒါ့အပြင် သူမက Song Kang က ကျွန်မကို ပုခုံးဖက်လို့ရမလားလို့ ခွင့်တောင်းခဲ့တာကြောင့် မင်းသားဟာ လူကြီးလူကောင်းတစ်ယောက်ဖြစ်ကြောင်း သူမက ထပ်လောင်းပြောကြားခဲ့ပါတယ်။
Song Kang ရဲ့ စိတ်နေသဘောထားနဲ့ မင်းသားရဲ့ ယဉ်ကျေးတဲ့ အပြုအမူတို့ကို ပရိတ်သတ်တော်တော်များများက ချီးကျူးခဲ့ပြီး အမျိုးသမီးတွေကို တကယ်လေးစားပြီး လေးလေးနက်နက် တွေးခေါ်တတ်သူလို့ မှတိချက်ပြုထားခဲ့ကြပါတယ်။