Jang Wonyoung နဲ့ dating ကောလဟာလတွေ ထပ်မံထွက်ပေါ်လာခဲ့ပြန်တဲ့ G-Dragon

Jang Wonyoung နဲ့ dating ကောလဟာလတွေ ထပ်မံထွက်ပေါ်လာခဲ့ပြန်တဲ့ G-Dragon

G-Dragon နဲ့ Jang Wonyoung တို့ ချိန်းတွေ့နေကြတယ်ဆိုတဲ့ ကောလဟာလတွေ ထပ်မံပေါ်ပေါက်လာခဲ့ပြီး ဒီသတင်းကိုတော့ ပရိသတ်ပေါင်းများစွာက အခြေအမြစ်မရှိဘူးလို့ ယုံကြည်နေကြပါတယ်။

Allkpop ရဲ့ ဖော်ပြချက်သတင်းတွေရဲ့ အစကတော့ BIGBANG အဖွဲ့ဝင်နဲ့  IVE အဖွဲ့ဝင်တို့ နှစ်ဦးစလုံးဟာ MIU MIU မှ ဆင်မြန်းပေးထားတဲ့ ဝတ်စုံတွေနဲ့ ‘Paris Fashion Week’ သို့ တက်ရောက်ခဲ့တာပါ။

G-Dragon က နောက်ပိုင်းမှာ Jang Wonyoung ပါဝင်နေတဲ့ MIU MIU ရဲ့ စတစ်ကာ တစ်ခုကို တင်ခဲ့ရာမှ တိုက်ဆိုင်မှုတွေကြောင့် သူတို့နှစ်ဦးဟာ အပြင်မှာလည်း အမှန်တကယ် လျှို့ဝှက်စွာ date လုပ်နေကြကြောင်း ကောလာဟလများ ထွက်ပေါ်လညခဲ့ပါတယ်။

အဆိုပါ ကောလာဟလတွေနဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေကလည်း အွန်လိုင်းမှာ လူသိများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။

အမှတ်တံဆိပ်ရဲ့ သံတမန်အဖြစ် Jang Wonyoung ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က MIU MIU ရဲ့ 2023 Spring/Summer collection ၀တ်စုံနဲ့ ‘Paris Fashion Week’ သို့ တက်ရောက်ခဲ့စဥ်က G-Dragon ဝတ်ဆင်ထားတဲ့ ဝတ်စုံနဲ့လည်း အလွန်ဆင်တူနေတယ်လို့ အင်တာနက် အသုံးပြုသူအချို့က ထောက်ပြခဲ့ကြပါတယ်။

မီဒီယာများကလည်း Idol တွေဟာ တူညီတဲ့ ဝတ်စုံများကို မ၀တ်ထားခဲ့ကြောင်း အတည်ပြုခဲ့ပြီး Jang Wonyoung ရဲ့ ၀တ်စားဆင်ယင်မှုဟာ နိုဝင်ဘာလက collection ဖြစ်ကြောင်း ဖော်ပြခဲ့ကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x