ဖိလစ်ပိုင် ARMY မိခင်တစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ချစ်စဖွယ် ဘဝဖြတ်သန်းပုံလေး

ဖိလစ်ပိုင် ARMY မိခင်တစ်ယောက်ရဲ့ ရိုးရှင်းတဲ့ ချစ်စဖွယ် ဘဝဖြတ်သန်းပုံလေး

ဖိလစ်ပိုင်နိုင်ငံ၊ Pampanga မှ မိခင်တစ်ဦးကတော့ BTS အဖွဲ့ဝင်လေးတွေရဲ့ပုံရိပ်တွေနဲ့ သူမရဲ့ အ၀တ်လျှော်ခြင်း အနုပညာအတွက် ဆိုရှယ်မီဒီယာတွေထက်မှာ ရေပန်းစားလို့နေခဲ့ပါတယ်။

Lady Angeline Seneres ကတော့ သူမအနေနဲ့ အဝတ်လျှော်ပြီး အပြင်ဘက်မှာ အခြောက်ခံတဲ့အခါ သူမရဲ့အဝတ်များကို ချိတ်ဆွဲရန်အတွက် BTS အဖွဲ့ဝင်တွေရဲ့ မျက်နှာများနဲ့ပြုလုပ်ထားတဲ့ အဝတ်လှမ်းချိတ်လေးတွေကို အသုံးပြုနေခဲ့တာကို တွေ့ခဲ့ရပါတယ်။

BTS ရဲ့ အဖွဲ့ဝင်ခုနစ်ဦးစလုံးဖြစ်တဲ့ Jin , Suga , Jungkook , V , J-Hope , Jimin နဲ့ RM တို့ရဲ့ အနောက်တိုင်းဝတ်စုံလေးတွေရဲ့ ပုံရိပ်တွေဟာ အဝတ်လှမ်းချိတ်လေးတွေမှာ ပါရှိလို့နေခဲ့တာပါ။

ဒါကြောင့် သူတို့ကို အသုံးပြုပြီး အဝတ်လှမ်းတဲ့အခါ ဒီအဝတ်လေးတွေကို ကောင်လေးတွေက ဝတ်ဆင်ထားတယ်လို့ ထင်ယောင်ထင်မှားဖြစ်စေမှာဖြစ်တာကြောင့် နိုင်ငံတကာက ARMY တို့ကတော့ အဒေါ်ကြီးရဲ့ ချစ်စဖွယ် စိတ်ကူးစိတ်သန်းတွေကို သဘောကျလို့နေကြပါတယ်။

သူမရဲ့အ၀တ်အစား ချိတ်ဆွဲထားရာဓာတ်ပုံတွေဟာ အွန်လိုင်းမှာ အတော်လေး ပျံ့နှံ့သွားခဲ့ပြီးနောက် Lady Angeline Seneres ဟာ The Philippine Star နဲ့ အင်တာဗျူးမှာ BTS ရဲ့ အမာခံ ပရိသတ်ဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။

ဒီလိုမျိုး အဝတ်လှမ်းချိတ်တွေကို အသုံးပြုခဲ့ရတဲ့ ရည်ရွယ်ချက်ကတော့ သူမရဲ့ တစ်နေ့တာကို ကောင်းခြင်းတရားတွေနဲ့ တောက်ပစေနိုင်ဖို့အတွက် အားစိုက်ထုတ်တာမျိုး ဖြစ်တယ်လို့ ပြောပြလို့သွားခဲ့ပါတယ်။

ဖိလစ်ပိုင် မိခင်ကြီးကတော့ သူမဟာ James Corden နဲ့ The Late Late Show  တို့မှာ BTS နဲ့ စတင်သိကျွမ်းခဲ့တာဖြစ်ပြီး အဲဲဒီနောက်ပိုင်းမှာတော့ BTS ရဲ့ ကမ္ဘာလေးထဲကို ကိုယ်တိုင်ဝင်ရောက်ဖြစ်ခဲ့တယ်လို့ဆိုကာ ၂၀၂၀ ခုနှစ်ကတည်းက ARMY တစ်ယောက် ဖြစ်လာခဲ့တယ်လို့ ပြောပြခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x