တစ်ချိန်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပေမဲ့ Gong Hyo Jin ရဲ့ မင်္ဂလာပွဲကိုမတက်ရောက်ခဲ့တဲ့ Son Dam Bi

တစ်ချိန်က အချစ်ဆုံးသူငယ်ချင်းတွေဖြစ်ကြပေမဲ့ Gong Hyo Jin ရဲ့ မင်္ဂလာပွဲကိုမတက်ရောက်ခဲ့တဲ့ Son Dam Bi

မင်းသမီး Son Dam Bi ကတော့ Gong Hyo Jin ရဲ့ မင်္ဂလာပွဲကို ပျက်ကွက်ခဲ့တာကြောင့် သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးဟာ ပျက်ပြားသွားခဲ့ပြီလို့ ပရိသတ်တွေက ပိုမိုထင်ကြေးပေးခဲ့ကြပါတယ်။

အောက်တိုဘာလ ၁၃ ရက်နေ့မှာ Son Dam Bi သည် မုန့်ဆိုင်တစ်ဆိုင်ရှေ့မှာ ရပ်နေတဲ့ ဓာတ်ပုံဖြင့် သူမရဲ့ Instagram story ကို update လုပ််ခဲ့သလိုပြီး နောက်ထပ်ဓာတ်ပုံတစ်ခုမှာတော့ Son Dam Bi က Kimbap ပန်းကန်ပုံတစ်ပုံကို သူ့သူငယ်ချင်းကို tag လုပ်ပြီး တင်ထားခဲ့တာပါ။

Son Dam Bi ရဲ့ Instagram update မှာ အရင်းနှီးဆုံး သူငယ်ချင်းတစ်ဦးနဲ့ ပျော်ရွှင်ဖွယ်ကောင်းတဲ့ အချိန်များကို ထုတ်ဖော်ပြသခဲ့သော်လည်း မင်းသမီး Gong Hyo Jin ရဲ့ မင်္ဂလာပွဲအခမ်းအနားကိုတော့ သူမအနေနဲ့ တက်ရောက်ဖို့ ပျက်ကွက်ခဲ့ကြောင်း သူမရဲ့ ပို့စ်တင်ချိန်က ပြောပြနေပါတယ်။

Son Dam Bi ဟာ Jung Ryeo Won ရဲ့ လိမ်လည်မှု အငြင်းပွားဖွယ်ရာ အရှုပ်တော်ပုံအပြီး Gong Hyo Jin နဲ့ Jung Ryeo Won တို့ကို သူငယ်ချင်းအဖြစ်မှာ ဖြတ်တောက်လိုက်ကြောင်း ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးတာပါ။

ဒါ့အပြင် Song Ryeo Won နဲ့ Gong Hyo Jin တို့ နှစ်ယောက်လုံကလည် Son Sam Bi ရဲ့ မင်္ဂလာဆောင်မှာ ပျက်ကွက်ခဲ့တာကို အင်တာနက်အသုံးပြုသူတွေက တွေ့ရှိပြီးနောက် ကောလဟာလတွေ ဆက်လက်ထွက်ပေါ်လာခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x