Goo Hara ရဲ့ သေဆုံးခဲ့ရမှုအတွက် ပြစ်ဒဏ်တွေချမှတ်ခံရဆဲဖြစ်တဲ့ သူမရဲ့ရည်းစားဟောင်း

Goo Hara ရဲ့ သေဆုံးခဲ့ရမှုအတွက် ပြစ်ဒဏ်တွေချမှတ်ခံရဆဲဖြစ်တဲ့ သူမရဲ့ရည်းစားဟောင်း

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့မှာတော့ ဆိုးလ်တရားရုံးရဲ့ ကြေငြာချက်အရ Kara အဖွဲ့ဝင် Goo Hara ရဲ့ ရည်းစားဟောင်း Choi Jong Bum က Idol သေဆုံးခဲ့ရမှုအတွက် ဝမ် 78 သန်း (အမေရိကန် ဒေါ်လာ 55,000 ခန့်) ပေးလျော်ရမှာဖြစ်ကြောင်း သိရပါတယ်။

Choi Jong Bum သူ့ရဲ့ ချစ်သူ Goo Hara အား အနိုင်ကျင့်ရန် ခြိမ်းခြောက်မှုဖြင့်လည်း ယခင်က ထောင်ဒဏ် တစ်နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်မှာ Goo Hara ရဲ့ မိသားစုက Choi Jong Bum ကို တရားစွဲဆိုခဲ့ပြီး နစ်နာကြေး ဝမ်သန်း 100 (အမေရိကန်ဒေါ်လာ 70,000) တောင်းဆိုခဲ့ပါတယ်။

တကယ်တမ်းမှာလည်း Choi Jong Bum က Goo Hara ရဲ့ စိတ်ခံစားမှုကို အပြင်းအထန် ထိခိုက်စေခဲ့တဲ့ ဗီဒီယိုကလစ်တစ်ခု လွှင့်တင်ရန် ခြိမ်းခြောက်ခဲ့ပြီး ဒီဖြစ်ရပ်ဟာ သူမအသက်ကို အဆုံးသတ်ဖို့အတွက် အဓိကအကြောင်းရင်း ဖြစ်ခဲ့ကြောင်း မင်းသမီးရဲ့ ဆွေမျိုးများက ပြောကြားခဲ့ပါတယ်။

ဒါတင်မကဘဲ ၂၀၁၈ ခုနှစ်တုန်းကလည်း Goo Hara နဲ့ Choi Jong Bum တို့ဟာ အငြင်းပွားမှုတွေ ဖြစ်ပွားခဲ့ပြီး Goo Hara က သူမလက်မောင်းမှာ ပွန်းပဲ့ဒဏ်ရာတွေနဲ့ ပါးစပ်မှာ ပွန်းပဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲဲဒီအချိန်မှာတော့ Goo Hara ကို လိမ်လည်သူလို့ Choi Jong Bum မှ စွပ်စွဲခဲ့ပြီး သူတို့ဖြစ်ရပ်ဟာ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သလို Goo Hara ဟာ ရည်းစားဟောင်းရဲ့ ဗီဒီယိုကလစ်နဲ့ ခြိမ်းခြောက်ခံခဲ့ရတယ်ဆိုတဲ့ အထောက်အထားကိုလည်း Dispatch က ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာ မိမိကိုယ်ကိုသတ်သေဖို့ မဆုံးဖြတ်မီမှာ Goo Hara က ပြင်းထန်တဲ့ စိတ်ကျရောဂါကို ခံစားခဲ့ရပါတတယ်။ နောက်ဆုံးမှာတော့ ဘဝကို အဆုံးသတ်ဖို့ ရွေးချယ်သွားခဲ့ပြီး ပရိသတ်တွေကို ဝမ်းနည်းကြေကွဲစေခဲ့ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x