အလုပ်ကြိုးစားလွန်းတာကြောင့် ပရိသတ်တွေကို စိတ်ပူစေခဲ့တဲ့ မင်းသားချော Xiao Zhan

၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှာတော့ မင်းသားချော Xiao Zhan ရဲ့ ဓါတ်ပုံတချို့ ပြန့်နှံ့လာခဲ့ပြီး ပရိသတ်တွေကို တုန်လှုပ်စေခဲ့သလို အားပေးစကားများစွာကိုလည်း မင်းသားချောက ရရှိခဲ့ပါတယ်။
ဓာတ်ပုံထဲမှာတော့ Xiao Zhan ဟာ “Sunshine With Me” မှာ နောက်ဆုံး ဇာတ်ဝင်ခန်းကို ရိုက်ကူးဖို့ တစ်ယောက်တည်း ထိုင်ပြင်ဆင်နေပြီး အစားကလည်းတစ်ဖက်နဲ့ သူ့အလုပ်တွေကို တက်ကြွစွာ လုပ်ဆောင်နေခဲ့ပါတယ်။
ကြည့်ရတာတော့ ဒိုင်ယာလော့တွေ ကျက်နေခဲ့ပုံပါပဲ။ Xiao Zhan ဟာ သူ့ရဲ့ အခုလို လုံ့လစိုက်ထုတ်မှုတွေ ရှိခဲ့တဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေကို အမြဲတမ်း အံ့အားသင့်စေခဲ့ပြီး ထိပ်တန်းအမျိုးသားဇာတ်ဆောင်အဖြစ် သတ်မှတ်ခံရဖို့ ထိုက်တန်ကြောင်း ပရိသတ်တွေကလည်း ချီးကျူးခဲ့ကြပါတယ်။
တရုတ်ဖျော်ဖြေရေး လောကမှာတော့ သူဟာ သူရိုက်ကူးပုံဖော်ရမယ့် ဇာတ်ရုပ်ကို အလွန်အလေးအနက်ထားပုံရပြီး အရမ်းကို အပင်ပန်းခံပြီး ကြိုးစားအားထုတ်လေ့ရှိတဲ့ မင်းသားတစ်လက်လည်း ဖြစ်ပါတယ်။
Xiao Zhan ဟာ ၂၀၁၉ ခုနှစ် “The Untamed” ဇာတ်လမ်းတွဲမှာ ပြည်တွင်းရော ပြည်ပမှာပါ လူကြိုက်များလွန်းတဲ့ မင်းသားချော Wang Yibo နဲ့ တွဲဖက်သရုပ်ဆောင်ရင်း သူတို့နှစ်ယောက်ရဲ့ chemistry နဲ့ ချောမောမှုတွေကြောင့် နာမည်ကျော်ကြားလာခဲ့သလို Tencent မှာလည်း ဒီဇာတ်လမ်းတွဲကို စုစုပေါင်း ကြည့်ရှုမှု ၁၀၀ ဘီလီယံ ရှိခဲ့ပါတယ်။