သူမရဲ့ ကိုယ်ပိုင်ကားပြပွဲအခမ်းအနားမှာ ဒီဇိုင်းဆန်းတဲ့ဝတ်စုံလေးနဲ့ ကျော့ရှင်းနေတဲ့ Jennie

BLACKPINK အဖွဲ့ဝင် Jennie ကတော့ မကြာသေးမီက ပွဲတစ်ခုမှာ သူမရဲ့ လှပကျော့ရှင်းပြီး ထူးခြားဆန်းသစ်တဲ့ ဖက်ရှင်တွေကို ပြသသွားခဲ့ပါတယ်။
ဆိုးလ်မြို့၊ Gangnam-gu ရှိ Porsche Sonder Bunsch House မှာ ပြုလုပ်ခဲ့တဲ့ “Taycan 4S Cross Turismo for Jennie Ruby Jane” ကား မိတ်ဆက်ပွဲအတွက် Jennie ဟာ အောက်တိုဘာ ၁၂ ရက်မှာ အခမ်းအနားကို တက်ရောက်ခဲ့တာပါ။
အဲဒီနေ့မှာ Jennie ဟာ ဆွဲဆောင်မှုရှိတဲ့ ၀တ်စုံလေးနဲ့ ပွဲတက်လာခဲ့ပါတယ်။ သူမရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကို ကြယ်သီးတစ်လုံးထဲနဲ့ ထိန်းချိုပ်ထားခဲ့တဲ့ အပေါ်ဝတ်နဲ့အတူ သူမရဲ့ ကျော့ရှင်းမှုကိုလည်း ရဲဝံ့စွာ ထုတ်ဖော်ထားခဲ့ပါတယ်။
ဝတ်စုံလေးက ချေပုလေးရဲ့ ကျစ်လျစ်တဲ့ ဗိုက်သားနဲ့ ခါးသေးသေးလေးကိုလည်း ထင်ရှားစေပါတယ်။ တစ်ချိန်တည်းမှာပဲ အခမ်းအနားမှာ ပြသခဲ့တဲ့ “Taycan 4S Cross Turismo” ဟာ Jennie ကိုယ်တိုင် ပါဝင်ဒီဇိုင်းဆွဲခဲ့တဲ့ Porsche exclusive ရဲ့ Sonderwunsch ပရိုဂရမ်က ဖြစ်ပါတယ်။
Porsche ရဲ့ အဆိုအရ ဒီကားဟာ Jennie ရဲ့ “အိပ်မက် “, “စိတ်ကူး” နဲ့ “လူနေမှုပုံစံ” တို့ကို ရောင်ပြန်ဟပ်နေအောင် ထုတ်လုပ်ထားတဲ့ ကားဖြစ်ပြီး Jennie ကလည်း ကားဒီဇိုင်းကို တာဝန်ယူပေးခဲ့တာကြောင့် သူမရဲ့ အရှိန်အဝါတွေကို ဆက်လက်ဖြန့်ကျက်နိုင်ခဲ့ပါတယ်။